သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္အမ်ိဳးသားလံုျခံဳေရး မဟာဗ်ဴဟာမွာ တ႐ုတ္အင္အားႀကီးထြားမႈ အေရးပါ


(Zawgyi/ Unicode)

အခ်ိန္အေတာ္ၾကာ မထုတ္ျပန္ႏိုင္ဘဲ ျဖစ္ေနတဲ့ အေမရိကန္ အမ်ိဳးသားလံုျခံဳေရး မဟာဗ်ဴဟာ တရပ္ကို သမၼတအိမ္ျဖဴက ဗုဒၶဟူးေန႔မွာ ထုတ္ျပန္လိုက္ပါတယ္။ စာမ်က္ႏွာ ၄၈ မ်က္ႏွာပါဝင္တဲ့ ဒီထုတ္ျပန္ခ်က္မွာ ဒီမိုကေရစီႏိုင္ငံေတြမွာ ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြကို မဟာမိတ္ေတြနဲ႔အတူ လက္တြဲေျဖရွင္းေရးဟာ အေရးပါေၾကာင္း ထပ္ၿပီး အေလးအနက္ ေျပာၾကားထားသလို တ႐ုတ္ႏိုင္ငံရဲ႕ အင္အားႀကီးထြားလာမႈကို ထိန္းခ်ဳပ္ဖို႔ လုပ္ေဆာင္ေနတာလည္း ပါဝင္ပါတယ္။

ဘိုင္ဒန္ရဲ႕ ႏိုင္ငံျခားေရး မူဝါဒဆိုင္ရာမွာ ႀကီးမားတဲ့ အေျပာင္းအလဲမရွိသလို အယူဝါဒမွာလည္း အသစ္အဆန္းလည္း ဘာမွမရွိတာ အပါအဝင္ ယူကရိန္းအေရးေၾကာင့္ပါ ဒီမဟာဗ်ဴဟာေၾကညာခ်က္ကို ထုတ္ျပန္ဖို႔ ေႏွာင့္ေႏွးေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဥတုရာသီ ေျပာင္းလဲမႈနဲ႔ အာဏာရွင္ႏိုင္ငံေတြ တိုးလာတာမ်ိဳးလို ကမာၻ႔တလႊား ၿခိမ္းေျခာက္မႈေတြကို ေက်ာ္လႊားႏိုင္ေရးမွာ အေမရိကန္ရဲ႕ ဦးေဆာင္မႈက ပဓါနက်တယ္ဆိုတဲ့ သမၼတအိမ္ျဖဴရဲ႕ အျမင္ကို ဒီေၾကညာခ်က္မွာ အထူးျပဳေဖၚျပထားပါတယ္။

ယူကရိန္းကို ႐ုရွားက ဝင္ေရာက္က်ဴးေက်ာ္ခဲ့တဲ့ ေနာက္ပိုင္း တ႐ုတ္ဟာ ကမာၻႀကီးရဲ႕ ေခါင္းေဆာင္ပိုင္း တည္ရွိမႈကို အဓိက စိန္ေခၚသူအျဖစ္ ေဖၚျပထားတာပါ။ တကယ္လို႔ ကမာၻမွာ အေမရိကန္ ၾသဇာျပန္လႊမ္းမိုးလာမယ္ဆိုရင္ စီးပြါးေရးဆိုင္ရာ ၿပိဳင္ဆိုင္မႈေတြမွာလည္း အေမရိကန္က အသာစီး ရမယ္လို႔လည္း ေဖၚျပပါတယ္။

အေမရိကန္က တ႐ုတ္နဲ႔ တာဝန္သိသိ ယွဥ္ၿပိဳင္မႈ လုပ္ဖို႔ ႀကိဳးစားေနခ်ိန္မွာပဲ တ႐ုတ္က သူ႔အက်ိဳးစီးပြါးအတြက္ ေဇာင္းေပးၿပီး ႏိုင္ငံတကာ ျဖစ္တည္မႈကို ပံုေျပာင္းဖို႔ တမင္တိုးၿပီးႀကိဳးပမ္းေနတယ္လို႔ အေမရိကန္ မူဝါဒဆိုင္ရာအတြက္ ဗုဒၶဟူးေန ႀကိဳတင္အသိေပးခ်ိန္မွာ အမ်ိဳးသား လံုျခံဳေရးဆိုင္ရာ အၾကံေပး Jake Sullivan က ေျပာပါတယ္။

ဘိုင္ဒန္အစိုးရ အဖြဲ႔ရဲ႕ မဟာဗ်ဴဟာကို မတ္လ ၂၈ ရက္ ႏိုင္ငံေတာ္အသံုးစားရိတ္ -ဘတ္ဂ်က္အတြက္ အဆိုျပဳခ်ိန္မွာ တပါတည္း တင္သြင္းရမွာ ျဖစ္ေပမယ့္ ယူကရိန္းအေရးေၾကာင့္ ၾကန္႔ၾကာခဲ့ရတယ္လို႔လည္း Sullivan က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကန်အမျိုးသားလုံခြုံရေး မဟာဗျူဟာမှာ တရုတ်အင်အားကြီးထွားမှု အရေးပါ

အချိန်အတော်ကြာ မထုတ်ပြန်နိုင်ဘဲ ဖြစ်နေတဲ့ အမေရိကန် အမျိုးသားလုံခြုံရေး မဟာဗျူဟာ တရပ်ကို သမ္မတအိမ်ဖြူက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ စာမျက်နှာ ၄၈ မျက်နှာပါဝင်တဲ့ ဒီထုတ်ပြန်ချက်မှာ ဒီမိုကရေစီနိုင်ငံတွေမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို မဟာမိတ်တွေနဲ့အတူ လက်တွဲဖြေရှင်းရေးဟာ အရေးပါကြောင်း ထပ်ပြီး အလေးအနက် ပြောကြားထားသလို တရုတ်နိုင်ငံရဲ့ အင်အားကြီးထွားလာမှုကို ထိန်းချုပ်ဖို့ လုပ်ဆောင်နေတာလည်း ပါဝင်ပါတယ်။

ဘိုင်ဒန်ရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာမှာ ကြီးမားတဲ့ အပြောင်းအလဲမရှိသလို အယူဝါဒမှာလည်း အသစ်အဆန်းလည်း ဘာမှမရှိတာ အပါအဝင် ယူကရိန်းအရေးကြောင့်ပါ ဒီမဟာဗျူဟာကြေညာချက်ကို ထုတ်ပြန်ဖို့ နှောင့်နှေးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဥတုရာသီ ပြောင်းလဲမှုနဲ့ အာဏာရှင်နိုင်ငံတွေ တိုးလာတာမျိုးလို ကမ္ဘာ့တလွှား ခြိမ်းခြောက်မှုတွေကို ကျော်လွှားနိုင်ရေးမှာ အမေရိကန်ရဲ့ ဦးဆောင်မှုက ပဓါနကျတယ်ဆိုတဲ့ သမ္မတအိမ်ဖြူရဲ့ အမြင်ကို ဒီကြေညာချက်မှာ အထူးပြုဖေါ်ပြထားပါတယ်။

ယူကရိန်းကို ရုရှားက ဝင်ရောက်ကျူးကျော်ခဲ့တဲ့ နောက်ပိုင်း တရုတ်ဟာ ကမ္ဘာကြီးရဲ့ ခေါင်းဆောင်ပိုင်း တည်ရှိမှုကို အဓိက စိန်ခေါ်သူအဖြစ် ဖေါ်ပြထားတာပါ။ တကယ်လို့ ကမ္ဘာမှာ အမေရိကန် သြဇာပြန်လွှမ်းမိုးလာမယ်ဆိုရင် စီးပွါးရေးဆိုင်ရာ ပြိုင်ဆိုင်မှုတွေမှာလည်း အမေရိကန်က အသာစီး ရမယ်လို့လည်း ဖေါ်ပြပါတယ်။

အမေရိကန်က တရုတ်နဲ့ တာဝန်သိသိ ယှဉ်ပြိုင်မှု လုပ်ဖို့ ကြိုးစားနေချိန်မှာပဲ တရုတ်က သူ့အကျိုးစီးပွါးအတွက် ဇောင်းပေးပြီး နိုင်ငံတကာ ဖြစ်တည်မှုကို ပုံပြောင်းဖို့ တမင်တိုးပြီးကြိုးပမ်းနေတယ်လို့ အမေရိကန် မူဝါဒဆိုင်ရာအတွက် ဗုဒ္ဓဟူးနေ ကြိုတင်အသိပေးချိန်မှာ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေး Jake Sullivan က ပြောပါတယ်။
ဘိုင်ဒန်အစိုးရ အဖွဲ့ရဲ့ မဟာဗျူဟာကို မတ်လ ၂၈ ရက် နိုင်ငံတော်အသုံးစားရိတ် -ဘတ်ဂျက်အတွက် အဆိုပြုချိန်မှာ တပါတည်း တင်သွင်းရမှာ ဖြစ်ပေမယ့် ယူကရိန်းအရေးကြောင့် ကြန့်ကြာခဲ့ရတယ်လို့လည်း Sullivan က ပြောပါတယ်။

XS
SM
MD
LG