သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ရေတပ် ဖမ်းဆီးသွားတဲ့ ငါးဖမ်းလှေနဲ့ သင်္ဘောသားတွေ ပြန်လွှတ်ဖို့ ထိုင်ဝမ်တောင်းဆို


ငါးဖမ်းလှေတွေကို တရုတ်ဖမ်းဆီးသွားတဲ့နေရာကိုပြသနေတဲ့ ထိုင်ဝမ်ကမ်းခြေစောင့်တပ်အကြီးအကဲ Liao Yun-Hung (ဇူလိုင် ၃၊ ၂၀၂၄)
ငါးဖမ်းလှေတွေကို တရုတ်ဖမ်းဆီးသွားတဲ့နေရာကိုပြသနေတဲ့ ထိုင်ဝမ်ကမ်းခြေစောင့်တပ်အကြီးအကဲ Liao Yun-Hung (ဇူလိုင် ၃၊ ၂၀၂၄)

အင်္ဂါနေ့ညတုန်းက တရုတ်ကမ်းခြေစောင့်တပ်က ဖမ်းထားတဲ့ ထိုင်ဝမ်ငါးဖမ်းလှေနဲ့ သင်္ဘောသားတွေကို ပြန်လွှတ်ပေးဖို့ ထိုင်ဝမ် ကမ်းခြေစောင့်တပ်က ဒီနေ့ တိုက်တွန်း တောင်းဆိုထားပါတယ်။

မနေ့တုန်းက တရုတ်ကမ်းခြေစောင့်တပ်က ထိုင်ဝမ်နိုင်ငံသား ၂ ယောက်နဲ့ ရွှေ့ပြောင်းအလုပ်သမား ၃ ယောက်ပါတဲ့ ထိုင်ဝမ် ငါးဖမ်းလှေပေါ် တက်လာပြီး တရုတ်ပြည်မကြီးက ဆိပ်ကမ်းဆီ ဦးတည်မောင်းသွားခဲ့ကြောင်း ထိုင်ဝမ်ဖက်က ပြောပါတယ်။

ဒီဖြစ်ရပ်ကို နိုင်ငံရေးသဘောနဲ့ မကိုင်တွယ်ဘဲ အကြောင်းအရင်းကို အမြန်ဆုံးရှင်းပြပြီး လှေတွေနဲ့ ငါးဖမ်းသမားတွေကို ပြန်လွှတ်ပေးဖို့ ထိုင်ဝမ်ကမ်းခြေစောင့်တပ် ဒုတိယညွှန်ကြားရေးမှူးချုပ် Hsieh Ching-chin က ထိုင်ပေမြို့တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတွင်း ပြောသွားခဲ့ပါတယ်။

ထိုင်ဝမ်ငါးဖမ်းလှေ Tachiman 88 ကို တရုတ်သင်္ဘော ၂ စင်းက တရုတ်ကမ်းနဲ့ နီးပေမယ့် ထိုင်ဝမ်ထိန်းချုပ်ထားတဲ့ Kinmen ကျွန်းစုနားမှာ အင်္ဂါနေ့ညနေတုန်းက ကြားဖြတ် တားဆီးခဲ့ကြောင်း ထိုင်ဝမ်ရေကြောင်းအာဏာပိုင်တွေက ကြေညာချက်ထုတ်ထားပါတယ်။

Tachimann 88 ငါးဖမ်းလှေကို ထိုင်ဝမ်သင်္ဘော ၃ စင်းနဲ့ ကယ်ဖို့ စေလွှတ်ခဲ့ပေမယ့် ငါးဖမ်းသင်္ဘောနား ကပ်လို့ရတဲ့ ကယ်ဆယ်ရေး သင်္ဘောတစင်းကို တရုတ်သင်္ဘော ၃ စင်းက တားခဲ့ပြီး ဝင်မပါဖို့ ပြောခဲ့ကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။ ဒါ့အပြင် နောက်ထပ် တရုတ်သင်္ဘော ၄ စင်းလည်း ကပ်လာတာကြောင့် ပဋိပက္ခ ဖြစ်မှာ စိုးရိမ်တဲ့အတွက် ထိုင်ဝမ်သင်္ဘောတွေ လှည့်ပြန်ခဲ့ကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG