သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ကျွန်းစုအနီး တရုတ်ရေတပ် တိုးမြှင့်ကင်းလှည့်မည်


Taiwan China Fishermen
Taiwan China Fishermen

ထိုင်ဝမ်ပိုင် ကင်မင်ကျွန်းစု ကမ်းလွန်ပင်လယ်ပြင်မှာ ပိုင်နက်ကျူးကျော်လာတယ်ဆိုတဲ့ တရုတ်သင်္ဘောကို ထိုင်ဝမ်ကမ်းခြေစောင့်တပ်တွေက လိုက်ဖမ်းရာမှာ တရုတ်ငါးဖမ်းသမားနှစ်ဦး ရေနစ်သေဆုံးခဲ့ပြီး နှစ်ရက်အကြာ အဲဒီပင်လယ်ပြင်တဝိုက်မှာ တရုတ်ရေတပ်က တိုးမြှင့်ကင်းလှည့်သွားမယ်လို့ ပြောလိုက်ပါတယ်။

ကင်မင်ကျွန်းစုတွေနဲ့ ကီလိုမီတာ အနည်းငယ်ပဲ ကွာဝေးတဲ့ တရုတ်နိုင်ငံ Xiamen မြို့တောင်ဘက်

ကမ်းရိုးတန်း ပင်လယ်ပြင်ရေပိုင်နက်တဝိုက်မှာ ရေကြောင်းဆိုင်ရာ ဥပဒေတွေကို လိုက်နာဖို့ တရုတ်ကမ်းခြေစောင့်တပ် Fujian ဌာနခွဲကနေပုံမှန်စောင့်ကြည့်သွားမယ်လို့ တရုတ်တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံတွေက ငါးဖမ်းသင်္ဘောတွေဟာ အဲဒီပင်လယ်ပြင်တဝိုက်မှာ ပုံမှန်သွားလာနေကြတာပါ။ ထိုင်ဝမ်ကျွန်းထက် တရုတ်နိုင်ငံနဲ့ ပိုပြီးနီးစပ်တဲ့ ရေပြင်မှာ တရုတ်နိုင်ငံက သွားလာလှုပ်ရှားမှုတွေ များပေမဲ့ ငါးဖမ်းသမား ၂ ဦး ရေနစ်သေဆုံးတာမျိုးကတော့ ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။ တရုတ်အစိုးရကတော့ ထိုင်ဝမ်ကျွန်းဟာ တရုတ်နိုင်ငံ တစိတ်တပိုင်းအဖြစ်သာ သဘောထားနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG