သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းလိမ်လည်မှုတွေနှိမ်နင်းကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း


 တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi
တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi

အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ အွန်လိုင်း လောင်းကစားမှုတွေနဲ့ ဖုံးဆက်လိမ်လည်မှုတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းဖို့ နဲ့ တာဝန်ယူ ဖြေရှင်းဖို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi က ကြာသပတေးနေ့မှာ ပန်ကြားလိုက်ပါတယ်။ မြန်မာနဲ့ ထိုင်း ပါဝင်တဲ့ အာဆီယံ ၁၀ နိုင်ငံအဖွဲ့နဲ့ တရုတ်တို့ ပူးပေါင်းမှု တိုးမြှင့်ပြီး နယ်စပ်ကျော်ဖြတ် ဖြစ်ပွါးတဲ့ ရာဇဝတ်မှု တွေကို နှိမ်နင်း ရေးကို အရေးတကြီး ကိစ္စရပ် တခု အနေနဲ့ လုပ်ဆောင်ဖို့လည်း အကြံပြုပါတယ်။

ဒီလို လောင်းကစားနဲ့ လိမ်လည်မှု အများအပြားဟာ ထိုင်း- မြန်မာ နယ်စပ်တလျှောက်မှာ ဖြစ်ပွါးနေပြီး ဒါဟာ တရုတ်နဲ့ တခြားနိုင်ငံသား အများအပြားကို ထိခိုက်စေတယ်လို့ ဝန်ကြီး Wang Yi ရဲ့ ပြောကြားချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖေါ်ပြထား ပါတယ်။ တရုတ်အနေနဲ့ တရားဥပဒေစိုးမိုးရေးမှာရော၊ ခရီးသွားတွေ စိတ်ချလက်ချ သွားလာနိုင်တဲ့ အန္တရာယ်ကင်းတဲ့ ဝန်းကျင်ဖြစ်ဖို့ပါ အာဆီယံနိုင်ငံ တွေနဲ့ ခိုင်ခိုင်မာမာ ပူးပေါင်းဆောင်ရွက်လိုတဲ့ ဆန္ဒရှိကြောင်း ဒေသတွင်းကိုယ်စားလှယ်တွေနဲ့ ရှားရှားပါးပါး တွေ့ဆုံပဲမှာ ပြောကြားခဲ့တာပါ။

အရှေ့တောင်အာရှ ဒေသတလွှား ဖုံးဆက်လိမ်လည် မှုတွေနဲ့ လူကုန်ကူးမှု အန္တရာယ် တနေ့တခြား များပြားလာတာနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက စိုးရိမ်မှုတိုးလာတာကြောင့် အခုလို လုံခြုံရေး တိုးမြှင့်ဖို့ ကမ်းလှမ်းလာတာ ဖြစ်ပါတယ်။ တရုတ်ခရီးသွား တွေဟာ ကိုဗစ် ၁၉ ကာလ မတိုင်ခင်က ဒီဒေသတွင်း နှစ်စဉ်သွားလာပြီး ဒေါ်လာ ဘီလီယံပေါင်းများစွာ သုံးခဲ့ကြတာကြောင့် အိမ်နီးချင်း အာဆီယံ နိုင်ငံတွေ အတွက် ဝင်ငွေသိသိသာသာ တိုးခဲ့တာ ဖြစ်ပြီး အခု ငွေလိမ်ဂိုဏ်းတွေရဲ့ လိမ်လည်မှုခံရနိုင်ကြောင်း သတိပေးချက်တွေ ကြောင်း ခရီးသွားတွေ သွားရောက် လည်ပတ်ရေးကို အတားအဆီး ဖြစ်လာတာပါ။ မကြာသေးခင်ကပဲ ထိုင်း- မြန်မာ နယ်စပ်မှာ တရုတ်သရုပ်ဆောင် ဝမ်ရှင်း ပျောက်ဆုံးမှု ဖြစ်ပွါးခဲ့ရပြီး သူဟာ လူကုန်ကူးခံရမှုရဲ့ သားကောင် ဖြစ်ခဲ့ရကြောင်း ရဲက သတင်းထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG