သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါ သေနတ်သမား တကိုယ်တော် လှုပ်ရှားခဲ့


ဗုဒ္ဓဟူးနေ့က ကနေဒါနိုင်ငံမှာ တာဝန်ကျ စစ်သားတစ်ဦးကို ပစ်သတ်ပြီးတော့ လွှတ်တော်တွင်း ဝင်ပြေးသွားခဲ့တဲ့ သေနတ်သမားဟာ တစ်ဦးတည်း လှုပ်ရှားခဲ့ တာဖြစ်တယ်လို့ ကနေဒါ အာဏာပိုင်တွေက ပြောဆိုပါတယ်။ အဲ့ဒီ့သေနတ်သမား ကို ပါလီမန် အတွင်းမှာ လုံခြုံရေးက ပစ်သတ်လိုက်ပါတယ်။

အဲ့ဒီ့ အသက် ၃၂နှစ်အရွယ် Michael Zehaf-Bibeau ဆိုသူဟာ ကနေဒါ မှာ မွေးဖွားသူ နိုင်ငံသား ဖြစ်ပြီးတော့ လစ်ဗျားနိုင်ငံသားအဖြစ်လည်း ခံယူထားဖွယ် ရှိတယ်လို့ ကြာသပတေးနေ့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ Michael Zehaf-Bibeau ဟာ မကြာခင် ကနေဒါနိုင်ငံသား နိုင်ငံကူး လက်မှတ်ကို လျှောက်ထားခဲ့ပြီး ဆီးရီးယားနိုင်ငံကို သွားဖို့ ပြင်ဆင်နေတယ်လို့ မျှော်လင့်ရတဲ့ အကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

သူ နိုင်ငံကူးလက်မှတ် လျှောက်တဲ့အချိန်တုန်းက သူ့ရဲ့ နောက်ခံသမိုင်းကို စစ်ဆေးခဲ့တယ်လို့ ကနေဒါရဲတပ်ဖွဲ့ကပြောပါတယ်။ ဒါပေမဲ့လည်း သူဟာ အာဏာပိုင်တွေသိထားသူတဦးနဲ့ အဆက်အစပ်ရှိတယ်ဆိုတဲ့ မရေမရာ အချက်အလက်မျိုးသာ တွေ့ရတယ်လို့ဆိုပါတယ်။

Zehaf-Bibeau ကို အန္တရာယ်ရှိသူတဦးအဖြစ် ကနေဒါအာဏာပိုင်တွေက သတ်မှတ်ထားပြီး အရှေ့အလယ်ပိုင်းဒေသဆီ သူမသွားနိုင်အောင် သူ့ရဲ့ နိုင်ငံကူးစာအုပ်ကို ပယ်ဖျက်ထားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

XS
SM
MD
LG