သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကဘူးလ် တိုက်ခိုက်မှု တာလီဘန်တွေ လက်ချက်


ကဘူးလ်အတိုက်ခိုက်ခံရ။ (ဒီဇင်ဘာ ၁၁၊ ၂၀၁၅)
ကဘူးလ်အတိုက်ခိုက်ခံရ။ (ဒီဇင်ဘာ ၁၁၊ ၂၀၁၅)

သောကြာနေ့ ညက အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးမြို့၊ သံတမန် ရပ်ကွက် မှာ ဖြစ်ပွားတဲ့ ကားဗုံးပေါက်ကွဲမှုနဲ့ သေနတ် ပစ်ခတ်မှုတွေဟာ သူတို့ပြုလုပ်ခဲ့တာဖြစ်တဲ့ အကြောင်း တာလီဘန်အဖွဲ့က ကြေညာခဲ့ပါတယ်။

အာဖဂန်ရဲတွေရဲ့ ပြောကြားချက်အရ စပိန် ရဲတပ်ဖွဲ့ဝင် တစ်ဦးအပါအဝင် အနည်းဆုံး နှစ်ဦးသေဆုံးပြီး အမြောက်အများ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ အနားမှာရှိတဲ့ အီတလီ အဖွဲ့အစည်းတစ်ခုရဲ့ ဆေးရုံကတော့ ဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရခဲ့သူ ခုနစ်ဦးကို လက်ခံကုသပေးခဲ့တယ်လို့ သတင်းပို့ခဲ့ပါတယ်။

ဒီရပ်ကွက်ထဲက တည်းခိုရိပ်သာတစ်ခုမှာ စစ်ရေးနဲ့ ထောက်လှမ်းရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အတွက် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တာလီဘန် ပြောခွင့်ရပုဂ္ဂိုလ် Zabihullah Mujahid ကပြောပါတယ်။

”ကျွန်တော်တို့ အဲဒီနေရာကို အကြာကြီး စောင့်ကြည့်ခဲ့ပြီးမှ၊ ဒီနေ့မှာ ကျွန်တော်တို့ရဲ့ မူဂျာဟေစ်ဒင်အုပ်စုကနေ တိုက်ခိုက်ခဲ့တာပါ။ ဒီအဆောက်အဦးထဲ ဝင်လို့ရအောင် အနီးမှာ ဖောက်ခွဲရေး ပစ္စည်းတွေ အပြည့်တင်ထားတဲ့ ကားကို ကျွန်တော်တို့ထဲက တစ်ယောက်က စတင်ဖောက်ခွဲခဲ့ပါတယ်။ အဲဒီ အဆောက်အဦးထဲမှာ နိုင်ငံခြားသားတွေ အများကြီး ရှိနေပါတယ်။” လို့ သူက ပြောပါတယ်။ ဒီတိုက်ခိုက်မှုမှာ အနည်းဆုံး လူသုံးဦးပါဝင်တယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

ဝါရှင်တန်မြို့မှာ အမေရိကန်နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ပုဂိုလ် ဂျွန်ကာဘီက အခုလို အကြမ်းဖက်မှု ဖြစ်ပေမယ့်လည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ အစုအဖွဲ့ အားလုံး ပြန်လည်ရင်ကြားစေ့ရေးအတွက် ဆက်လက် လုပ်ဆောင်ဖို့ လိုမယ်လို့ ယုံကြည်ဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အခုအပတ် အစောပိုင်းက ကန်ဒါဟာတောင်ပိုင်းဒေသ က လေဆိပ်တစ်ခု အနီးမှာ ရှိတဲ့ စစ်တပ် အိမ်ယာတစ်ခုကို အသေခံ ဗုံးခါးပတ်တွေ တပ်ထားတဲ့ တာလီဘန် တိုက်ခိုက်ရေး သမား ၁၀ဦး ၂၇နာရီကြာ ဝင်ရောက် စီးနင်းထားတဲ့ဖြစ်ရပ် ဖြစ်ခဲ့ပြီး၊ အရပ်သား ၃၉ဦး အပါအဝင် လူအနည်းဆုံး ၅၄ဦး သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG