သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖါးကန့်မြေပြိုမှု အကြောင်းရင်းခံ ကချင်လူ့အခွင့်အရေးအဖွဲ့သုံးသပ်


ကချင်ပြည်နယ် ဖားကန့်ဒေသ စင်ဂတ်ကူးရွာမှာ စနေနေ့က မြေစာပုံပြိုကျပြီး လူပေါင်း ၁၁၃ ဦး သေဆုံးတာအပါအဝင် သဘာဝပတ်ဝန်းကျင် ထိခိုက် မှုတွေ ဖြစ်ပေါ်နေတာဟာ ကျောက်စိမ်း စတဲ့ တွင်းထွက်ပစ္စည်းတွေ တူးဖော်တဲ့ ကုမ္ပဏီတွေကို အာဏာပိုင်တွေက အထိန်းအကွပ်မရှိ စီးပွားလုပ်ပိုင်ခွင့် ပေးထား တဲ့အတွက် ဖြစ်တယ်လို့ KDNG - ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့က အထွေထွေ အတွင်းရေးမှူး ကိုစာဂျီးက ပြောပါတယ်။ ကိုစာဂျီးကို ဗွီအိုအေ ရုံးမှာ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တွေ့ဆုံ မေးမြန်းတာမှာ ဖားကန့်ဒေသမှာ နောက်ဆုံး ဖြစ်ပေါ် သွားတဲ့ မြေစာပုံ ပြိုကျမှုအခြေအနေအကြောင်း အခုလို စပြောပါတယ်။

ကိုစာဂျီး - “ဒီဟာက တော်တော်ကို လွန်နေပြီ ဒီတခေါက်ကျတော့လေ၊ ဒီဖားကန့် မြေပြိုတဲ့ကိစ္စက ကျနော်အမြဲတမ်း ပြောလေ့ရှိတယ်။ ကျနော်တို့ KDNG က ဖားကန့်က သဘာဝအရင်းအမြစ်ကို မတရား ထုတ်ယူသုံးစွဲတဲ့အပေါ်မှာ အမြဲတမ်း စောင့်ကြည့်လေ့လာနေတာပေါ့၊ ဒီတခေါက်က တော်တော်ကို လွန်သွားပြီ။ ဒါက ဘာကြောင့်မို့ ဒီလိုဖြစ်တယ် ဆိုတဲ့အပိုင်းမှာက ဗဟိုကလဲ စည်းစနစ်မကျတဲ့ သယံဇာတ ထုတ်ယူသုံးစွဲမှုလုပ်တဲ့ ကုမ္ပဏီတွေပေါ့နော် ဒီကုမ္ပဏီတွေကို ပရမ်းပတာ ခွင့်ပြုလိုက်တဲ့ အတွက်ကြောင့်မို့ အခုလို ဖြစ်သွားတာ။

ဒီကုမ္ပဏီတွေက ပြန်လည်ကုစားဖို့ - ဒီ လူမှုရေး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဒီအပိုင်းကို လုံး၀ တာဝန်မယူပဲနဲ့ သူတို့က တူးဖေါ်ခွင့်ပဲ ပြုတော့ သူတို့က ကြိုက်သလို တူးဖေါ်တဲ့အတွက်ကြောင့်မို့လို့ စည်းစနစ် မကျတဲ့ သယံဇာတထုတ်ယူ သုံးစွဲတဲ့ ကုမ္ပဏီတွေကြောင့် ဖြစ်တာဟာ သူ့ရဲ့နောက်ဆက်တွဲ ကတော့ ဆိုးရွားစွာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတယ်။ အဲဒီ သဘာဝပတ်ဝန်းကျင် အထဲမှာ အင်မတန်မှ မြင့်မားတဲ့ တောတောင်တွေက ဒီချိုင့်ဝှမ်း တွေ ဖြစ်ကုန်တယ်၊ ဥရုေ ချာင်းတွေ ပိတ်ကုန်တယ်။ စွန့်ပစ်မြေစာတွေကြောင့် ဒါ နှစ်တိုင်းမှာ ရေလွှမ်း မိုးမှုြ ဖစ်တယ်။ ခုလို မိုးရာသီကုန်ကာစ ဆောင်းတွင်း မှာဆို ခနခန မြေပြိုတာ နှစ် တိုင်းဖြစ်တာ ဒီတခေါက်က အဆိုးဆုံး ဖြစ်လာတာပေါ့။

အရင်တုန်းက မရောက်ဖူးတဲ့ စက်ယန္တယားကြီးက ဥပမာ ဘာ့ဖေါမြေတူးစက် ဆိုလို့ရှိရင် အရင်တုန်းက PC 200-300 ဆိုရင် တော်တော်ကြီးတယ် ထင်တယ်။ အခုတော့ PC 2000 တွေရောက်လာပြီပေါ့။ Dump Truck တွေ တော်တော်ကြီးတဲ့ စက်ယန္တယား တွေနဲ့လုပ်တယ် နောက်ပြီးမှ ကျင်းတူးတဲ့ အချိန်မှာ ကုမ္ပဏီက ဒိုင်းနမိုက်နဲ့ လွန်တူးစက်နဲ့ ဖေါက်လို့ရှိရင် ပေ ၅၀ နက်တဲ့အပေါက်က ၁၀၀လောက်ဖေါက်တယ်။ တရက်ကို ၃ကြိမ် မနက် ၄နာရီ လူတွေ မနိုးခင်မှာ တချက်ဖေါက်ခွဲတယ်။

အဲဒါ နေ့လည်စာ ထမင်းစားချိန်ထိဆို အဲဒီမြေစာတွေကို ဘာ့ဖေါမြေတူးစက်ကြီးနဲ့ အကုန်ကုန်ပြီး၊ ကျောက်စိမ်း ရှာဖို့ပဲ။ အဲ့မှာ တထပ် ဖေါက်ခွဲတယ်။ တရက်ကို ၃ကြိမ် တရက်ကို ပေ ၁၀၀-၁၅၀ လောက်နက်သွားတာ။ ဒါ ဟိုဖက် ကုမ္ပဏီဖေါက်လိုက် ဒီဖက်ကုမ္ပဏီ ဖေါက်လိုက် အချိန်ပြည့် ငလျှင်လှုပ်သလို လှုပ်နေတယ်။ ဖားကန့်မှာ တကယ်တမ်း လက်တွေ့ကျတော့ ဒီတိုင်း မတ်တပ်ရပ်သူတောင် မရတဲ့အခြေအနေ ကြောက်တဲ့ အခြေအနေ ဟိုမြို့ပေါ်ပြိုတော့မယ် ဒီအခြေအနေထိ ရှိလာတဲ့အတွက်ကြောင့်မို့ ၊ နံပါတ်တစ် ဒီ မိုင်းပေါ့နော်၊ မိုင်းဖေါက်ခွဲတဲ့ ဒီ ဒိုင်းနမိုက်က အကြီးအကျယ် ဖေါက်ခွဲတဲ့အတွက်ကြောင့် နောက်ပြီးဒီ စက်ယန္တယားကြီးနဲ့ ပရမ်းပတာ တူးဖေါ်တဲ့ အတွက်ကြောင့်မို့လို့ စည်းမဲ့ကမ်းမဲ့ နည်းစနစ် မမှန်တဲ့ သယံဇာတ ထုတ်ယူ သုံးစွဲမှုကြောင့် အခုလို မြေစာပုံပြိုတာတို့ ၊ မလိုလားအပ်တဲ့ လူမှုဆိုးကျိုးပြဿနာတွေ မတော်တဆ ထိခိုက်မှုတွေ ကျင်းပြိုတာတွေ ဒီဟာတွေ ဖြစ်နေတယ်ဆိုတာ ကျနော်တို့ တွေ့ရှိရတယ်။”

ကိုဇော်ဝင်းလှိုင် - ဒီတိုင်း ဆက်သွားနေရင်တော့ အခြေအနေက ဒီထက် ပိုဆိုးနိုင်တာပေါ့၊ ဆိုလိုတာက ဒီထက် လူတွေအများကြီးသေနိုင်တဲ့ အနေအထား တွေ ရှိနေသလား။

ကိုစာဂျီး - “ပိုဆိုးမယ် ဒီထက်ဆိုရင်တော့၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁) ပုဒ်မ(၃၀- က-ခ)မှာ ပြောထားပြီးပြီ။ ရေပေါ်ရေအောက် မြေပေါ်မြေ အောက်ရှိ သယံဇာတပစ္စည်းများ အားလုံးက နိုင်ငံတော်ပိုင်ဖြစ်သည်ဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် သာမန်လူထုတွေက ဒေသခံလူထုတွေက တရားဝင် လုပ်ပိုင်ခွင့် မရှိဘူး။ အခုလို ‘ရေမဆေး’ ကောက်တဲ့ ဆိုးကျိုးနဲ့ ဒီ ‘ရေမဆေး’ကျောက်မြေစာပြိုတာတို့ ကုမ္ပဏီ ခွင့်မပြုတဲ့နေရာ သွားလို့ရှိရင် ဘာ့ဖေါမြေတူးစက်နဲ့ ရိုက်သတ်တာတို့ အပိုင်းလိုက် ခုတ်သတ်တာတို့ဒီပြဿနာတွေကကုမ္ပဏီက လုံခြုံရေးယူတဲ့သူတွေနဲ့ ဒါတွေ ဆက်ဖြစ်နေမှာပဲ။ ဒါကို မဖြေရှင်းလို့ရှိရင်တော့ ၊ အဲဒီ ကုမ္ပဏီတွေကို ရပ်တန့်ပြီးတော့မှ မလုပ်လို့ရှိရင်တော့ ၊ စည်းစနစ်ကျစွာ မတူးဖေါ်လို့ရှိရင်ကတော့ ဒီထက် မလိုလား အပ်တဲ့ ပြဿနာဆိုးကျိုးတွေက ဆက်ပြီး ဖြစ်ပေါ်လာမယ်ဆိုတာ ကျနော်ပြောချင်တယ်။ ဒီအပိုင်းကတော့ ရဲရဲပြောရဲပါတယ်။”

ကိုဇော်ဝင်းလှိုင် - ဟုတ်ကဲ့ ။ အခုဒီ ရတဲ့ သယံဇာတငွေတွေ ဘယ်ရောက်မှန်း ကျနော်တို့ မသိသလိုပဲ တဖက်မှာလဲ ရရှိတဲ့ အချက်အလက်တွေကလဲ အစိုးရကလဲ မထုတ်ပြန်ဘူးဆိုတော့ .. တဖက် ကုမ္ပဏီတွေကလဲ ထုတ်ပြန်မှာ မဟုတ်ဘူးဆိုတော့ ဘယ်လိုမှ မသိနိုင်ဘူး ဖြစ်နေတာပေါ့။ ဆိုတော့ အခုက ဘယ်လောက် ဝင်ငွေရသလဲ ၊ အစိုးရက ဘယ်လောက်ရသလဲ ၊ ကုမ္ပဏီတွေက ဘယ်လောက် အမြတ်အစွန်းရသလဲ လုံး၀ မသိနိုင်တဲ့ အနေအထား ဖြစ်နေတယ်ပေါ့နော်။

ကိုစာဂျီး -“ဟုတ်ကဲ့ သာမန်ပြည်သူတွေ ဘယ်သူမှ မသိနိုင်တဲ့ အရာဖြစ်နေတယ်။ ဒါက အဓိကအားဖြင့် စည်းစနစ် မကျတော့ ပွင့်လင်းမြင်သာမှု မရှိတဲ့ ကုမ္ပဏီတွေ တူးဖေါ်နေတော့ အခြားဒီမိုကရေစီ နိုင်ငံတွေမှာလိုမျိုး ဒေသခံ လူထုအဖွဲ့အစည်းတွေရယ် ပြည်နယ်အစိုးရရယ် ဗဟိုအစိုးရရယ် စီးပွားကုမ္ပဏီ ရယ် သုံးပွင့်ဆိုင်ပြီးတော့မှ စာချုပ်ချုပ်ထားတာမျိုး မဟုတ်တဲ့ အခါကျတော့။

ပြောမယ်ဆိုရင် ဒီကုမ္ပဏီတွေက တရားဝင်လဲ သတ်မှတ်လို့ မရဘူး။ ဒါက နိုင်ငံတော် သယံဇာတ ပစ္စည်းကို သူခိုးဓါးမြပုံစံနဲ့ ဖျက်ဆီးတဲ့အပိုင်း ဖြစ်တဲ့အတွက်ကြောင့်မို့ ပွင့်လင်းမြင်သာမှု ကျနော်တို့ မတွေ့ရဘူး။ ဘာတခုမှ သူတို့ကို စာရင်းစစ်လို့ ဝင်လို့ရတဲ့ အရာမဟုတ်တော့ ကျနော်တို့တော်တော့်ကို သိရခက်တာပေါ့ အဲ့ဒီအပိုင်းက။”

ကိုဇော်ဝင်းလှိုင် - NLD ပါတီက အခု အနိုင်ရသွားပြီ။ မကြာခင်မှာ အစိုးရဖွဲ့ရဖို့ သေချာသလောက် ရှိတယ်ပေါ့နော် ဒီအတိုင်းဆိုလို့ရှိရင်။ အစိုးရသစ် တက်လာရင် အခုပြဿနာတွေ ဖြေရှင်းနိုင်မယ်လို့ ထင်သလား။ သူတို့ ဦးစားပေး စဉ်းစားလာမယ်လို့ ထင်သလား။

ကိုစာဂျီး - “ဟုတ်ကဲ့။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်နိုင်တဲ့အခါ အများကြီး ဂုဏ်ယူပါတယ်။ ကျနော်တို့လည်း ဝမ်းသာပါတယ်။ ဘာဘဲဖြစ်ဖြစ် ဒီမိုကရေစီ အုပ်စုဘက်က ဒီဟာ နိုင်တယ်ဆိုတဲ့အပိုင်းမှာ ကျနော်တို့ အများကြီး ဝမ်းသာတယ်၊ ဂုဏ်ယူတယ်လို့လည်း ကျနော်တို့ ပြောချင်တယ်။ ဒါပေမယ့် တပြိုင်နက်ထဲ အားလုံး ဖြေရှင်းဖို့ ၊ ပါတီ တခုထဲပဲ အားလုံး ဖြေရှင်းဖို့ဆိုတာက စိန်ခေါ်မှုတွေ အများကြီး ကျန်နေလိမ့်မယ်ဆိုတာ ကျနော် ယုံကြည်တယ်။ ဒီအပိုင်းက ကျနော်တို့ စိုးရိမ်တဲ့အပိုင်းတခုလဲ ရှိတယ်။

NLD ရော၊ အစိုးရသစ်ရော တက်လာပြီ၊ အဲဒီမှာ စီးပွားရေး ဖွံ့ဖြိုးရေးဆိုတဲ့ နဂိုကတည်းက ခရိုနီတွေ အသက်ပေးပြီးမှ ဆက်ပြီးမှ ပြည်သူလူထုတွေ ဒုံရင်းက ဒုံရင်း ပြန်ပြီးမှ ဆက်လက် ဒုက္ခရောက်မှာကို ကျနော်တို့က ဒါကိုလည်း ကျနော်တို့ စိုးရိမ်တယ်။ ဒါက ကျနော်တို့ ဝိုင်းဝန်းပြီးမှ သူတို့ မြင့်တင်ပေးရမယ့် အပိုင်းပေါ့နော်၊ ဒီမိုကရေစီ Movement မှာ။ ခုနကပြောတဲ့ တိုင်းရင်းသားရေးရာရယ်၊ လူမှုဆိုးကျိုး၊ လူ့အခွင့်အရေးရယ်၊ သဘာ၀ သယံဇာတပစ္စည်းရယ်၊ Conflict ရယ်၊ လူ့အခွင့်အရေးရယ်၊ ဒီဟာတွေ အများကြီး၊ အများကြီး ခေါင်းစဉ်တွေ ၊ Subject Issue တွေ ရှိတဲ့နေရာမှာ တပါတီထဲ ဖြေရှင်းလို့ မရဘူး။ ဒါ လူမျိုးပေါင်းစုံ၊ ပါတီပေါင်းစုံနဲ့ အားလုံးဝိုင်းပြီးမှ ဒီမိုကရေစီကို ထိန်းချုပ်ဖို့ ကျနော်တို့ ၊ မြင့်တင်ပေးဖို့ အရေးကြီးတယ်လို့ ဒီအပိုင်းက ကျနော် ပြောကြားလိုတာပေါ့နော်။”

ကိုစာဂျီးကို ဗွီအိုအေ ရုံးမှာ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တွေ့ဆုံ မေးမြန်း ထားတာဖြစ်ပါတယ်။

XS
SM
MD
LG