အခုအကောင်အထည်ဖော်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်မှုတွေသာ အောင်မြင်မယ်ဆိုရင် မြန်မာပြည် ဖွံ့ဖြိုးတိုးတက်နိုင်တယ်လို့ အကဲဖြတ်ထားတဲ့ (၄၆) မျက်နှာအစီရင်ခံစာကို ADB အာရှဖွံ့ဖြိုးရေးဘဏ်က သြဂုတ်လ (၂၀) ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ကြားကာလ မြန်မာပြည် Myanmar in Transition ဆိုတဲ့ အစီရင်ခံစာမှာ ရနိုင်မယ့် အခွင့်အလမ်းနဲ့ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို အပိုင်း (၄) ပိုင်းခွဲပြီး ဖော်ပြထားပါတယ်။
သဘာဝသယံဇာတကြွယ်ဝပြီး နိုင်ငံခြားကုမ္မဏီတွေမှာ လုပ်ခနည်းနည်းနဲ့ အလုပ်လုပ်နိုင်မယ့် လူငယ်တွေပေါများတာကို တိုင်းပြည်ရဲ့ အားသာချက်အဖြစ် ဖော်ပြပါတယ်။ လူ့စွမ်းရည်နဲ့ ပတ်သက်တဲ့ကိစ္စအားလုံးမှာ အဆင့်အတန်းနှိမ့်ကျပြီး အကန့်အသတ်တွေ့ရှိနေတာကို အားနည်းချက်အဖြစ် ဖော်ပြပါတယ်။ အနှစ် (၅၀) စစ်အာဏာရှင်စနစ်ကျင့်သုံးလို့ အညွန့်တုံးခဲ့တာကို အရည်အသွေးရှိလာအောင် ဦးသိန်းစိန်အစိုးရက ပြုပြင်ရမှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ အခြေခံတွေကို တည်ဆောက်နိုင်မှ ပြုပြင်ရေး အောင်မြင်နိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က ဆေးမြီးတိုပေးလိုက်တာ ဖြစ်ပါတယ်။ ဥပမာ ကုလသမဂ္ဂ သတ်မှတ်ထားတဲ့ လူ့ဘဝသာယာရေး ရည်မှန်းချက်ကို အကောင်အထည် ဖော်ရာမှာတောင် မြန်မာဟာ အိမ်နီးချင်းအာဆီယံနိုင်ငံတွေထက် အများကြီးနောက်ကျနေပါတယ်။
ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်အခြေအနေနဲ့ လိုက်လျောညီထွေလိုက်လုပ်နိုင်ဖို့ မြန်မာအတွက် အရေးကြီးပါတယ်။ ဥရောပ၊ အမေရိကန် နဲ့ ဂျပန်တို့ဟာ စီးပွားရေးကျဆင်းနေလို့ တစ်ရာခိုင်နှုန်းကျော်သာ တိုးတက်ဖွယ်ရှိပြီး အာရှဟာ အရှိန်အဟုန်နဲ့ တိုးတက်နေပါတယ်။ တိုးတက်ကြီးထွားနေတဲ့ ဒေသဆိုင်ရာဈေးကွက်စီးပွားရေးမှာ မြန်မာဟာ အကျိုးအမြတ်ခံစားနိုင်ပါတယ်။ ဒါကြောင့် ဒေသခံဈေးကွက်တွေနဲ့ ပူးပေါင်းလုပ်ကိုင်နိုင်မယ့် ပေါ်လစီလမ်းစဉ်ကို အစိုးရကချမှတ်နိုင်ဖို့ လိုပါတယ်။ ဈေးကွက်စီးပွားရေး ပီပီပြင်ပြင်ဖြစ်လာဖို့ လိုပါတယ်။ အာဆီယံ တရုတ် ဆက်ဆံရေးနဲ့ အာဆီယံ-အိန္ဒိယ ဆက်ဆံရေးမှာ မြန်မာဟာ ပေါင်းကူးဖြစ်နေတာကို အခွင့်ကောင်းယူနိုင်ပါတယ်။ တရုတ်ပြည်မှာ လုပ်ခကြီးမြင့်လာတာကြောင့် လုပ်ခနည်းတဲ့ အာဆီယံဒေသမှာ နိုင်ငံခြားကုမ္မဏီတွေ ပိုပြီးရင်းနှီးမြှုပ်နှံလာနိုင်ပါတယ်။
မဟာမဲခေါင်ဖွံ့ဖြိုးရေး စီမံကိန်းမှာပါဝင်နေတဲ့ မြန်မာဟာ အရှေ့တောင်အာရှစီးပွားရေး ပူးပေါင်းမှုကို အထောက်အကူပေးနိုင်ပါတယ်။ မဟာမဲခေါင် ဆက်သွယ်ရေးလမ်းကြောင်းတွေဟာ စီးပွားရေးလမ်းကြောင်းတွေဖြစ်တဲ့အတွက် ဒေသကို တိုးတက်ဖွံ့ဖြိုးစေပါတယ်။ ဒီနေရာမှာ မြန်မာလည်း အကျိုးခံစားနိုင်မှာ ဖြစ်ပါတယ်။ စီးပွားရေး တိုးတက်အောင်ကြိုးပမ်းလို့ ဖြစ်ပေါ်လာနိုင်တဲ့ လူမှုရေးမတည်ငြိမ်မှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ဆင်းရဲချမ်းသာကွာဟမှု စတာတွေကို အိမ်နီးချင်းတွေဆီက သင်္ခန်းစာယူနိုင်ပါတယ်။ မြန်မာ့တိုးတက်မှုဖြစ်စဉ်မှာ ပတ်ဝန်းကျင်ကို ဖိအားပေးတာ များလွန်တဲ့အတွက် လူဦးရေတိုးပွားပြီး စက်မှုအသွင်ပြောင်းလာတဲ့ ဒဏ်ကိုခံနိုင်မှာ မဟုတ်ပါဘူး။ ဆင်းရဲချမ်းသာ ကွာဟမှုကြီးမားလာရင် နိုင်ငံရေး၊ လူမှုရေး တည်ငြိမ်းဖို့နဲ့ လူသားစွမ်းရည်တည်ဆောက်ဖို့ အခက်အခဲရှိပါတယ်။
ပြုပြင်ပြောင်းလဲဖို့ သန္နိဋ္ဌာန်ချထားမှု၊ လူငယ်ဦးရေများပြားမှု၊ သဘာဝသယံဇာတကြွယ်ဝမှု၊ စိုက်ပျိုးရေးအခြေခံ ကြွယ်ဝမှု၊ ခရီးသွားလုပ်ငန်းအလားအလာရှိမှု စတာတွေကို မြန်မာ့အားသာချက်အဖြစ် ဖော်ပြထားပါတယ်။ နိုင်ငံ့စီးပွားရေး၊ စီမံအုပ်ချုပ်မှုမှာ အားနည်းပြီး ဈေးကွက်အတွေ့အကြုံကင်းမဲမှု၊ အခွန်ဘဏ္ဍာရှာဖွေရေးမှာ အကန့်အသတ်ရှိမှု၊ ဘဏ္ဍာရေးကဏ္ဍဖွံ့ဖြိုးမှု၊ ပညာရေးကျန်းမာရေး အဆင့်အတန်းနှိမ့်ကျမှု၊ လုပ်ငန်းမျိုးစုံလုပ်နိုင်ဖို့ အကန့်အသတ်ရှိမှု စတာတွေကို မြန်မာရဲ့ အားနည်းချက်တွေအဖြစ် ဖော်ပြထားပါတယ်။ စီမံကွပ်ကဲမှု အားနည်းရင် စီးပွားရေး၊ ဘဏ္ဍာရေး မတည်မငြိမ် ဖြစ်ရပါတယ်။ အစိုးရ လိုအပ်တဲ့ အသုံးစရိတ်အတွက် ငွေစက္ကူရိုက်ထုတ်သုံးစွဲလို့ ငွေကြေးအဆမတန် ဖောင်းကြွတာဟာ စိုးရိမ်စရာ ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေးနဲ့ လျှပ်စစ်ဓါတ်အားစတဲ့ အခြေခံတွေမှာ အရေအတွက်ရော၊ အရည်အသွေးပါ မြန်မာပြည်ဟာ အာဆီယံနိုင်ငံတွေထဲမှာ အနှိမ့်ကျဆုံး ဖြစ်နေပါတယ်။
ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ရေးအစီအစဉ်တွေ အောင်မြင်ရင် စီးပွားရေးတိုးတက်ဖွံ့ဖြိုးဖို့ အခွင့်အလမ်းတွေ ရှိနိုင်ပါတယ်။ တရုတ်၊ အိန္ဒိယ နဲ့ အရှေ့တောင်အာရှကို ထိတွေ့နေတဲ့ မြန်မာပြည်ဟာ ဒေသဆိုင်ရာ စီးပွားရေးတိုးတက်မှုမှာ ပါဝင်နိုင်ပါတယ်။ ဒါပေမဲ့ အရင်းအနှီး၊ အတိုးနဲ့ ငွေဖလှယ်မှုကို ဈေးကွက်ကဆုံးဖြတ်မှာမို့ ဆိုးကျိုးတွေ နည်းနိုင်သမျှနည်းအောင် ကြီးကြပ်ကွပ်ကဲပြီး စည်းမျဉ်းစည်းကမ်း သတ်မှတ်ဖို့လိုပါတယ်။ ကမ္ဘာ့စီးပွားရေး ရေစီးကြောင်းမှာ ပါဝင်လာတဲ့ မြန်မာပြည်ဟာ ငွေကြေးနဲ့ဘဏ္ဍာရေးမှာ အသေအခြာ စီမံကွပ်ကဲနိုင်ဖို့ လိုပါတယ်။ တိုင်းရင်းသားပဋိပက္ခနဲ့ နိုင်ငံရေး၊ လူမှုရေး တင်းမာမှု စတာတွေရှိနေတာဟာ တိုးတက်ဖွံ့ဖြိုးရေးကို အနှောက်အယှက်ဖြစ်စေပါတယ်။
ဒါကြောင့် အားသာချက်နဲ့ အားနည်းချက်တွေကို ချင့်ချိန်ပြီး ပေါ်ပေါက်လာတဲ့ အခွင့်အလမ်းကို ယူတတ်မယ် အန္တရာယ်ကို ရှောင်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ တိုးတက်ဖွံ့ဖြိုးဖို့ အလားအလာရှိပါတယ်။ ဘက်ပေါင်းစုံ တိုးတက်အောင် ကြိုးစားရမှာဖြစ်လို့ ထိထိရောက်ရောက် ပေါ်လစီချမှတ်ပြီး အကောင်အထည်ဖော်နိုင်ဖို့အတွက် နိုင်ငံလုံးဆိုင်ရာ စာရင်းအင်းကို ကမ္ဘာ့အဆင့်အတန်းနဲ့အညီ ပြုစုဖို့လိုပါတယ်။ ယုံကြည်ရလောက်တဲ့ နိုင်ငံလုံးဆိုင်ရာ စာရင်းအင်းရှိမှသာ အခြားနိုင်ငံတွေဆီက သင်္ခန်းစာယူနိုင်မှာဖြစ်ကြောင်း ADB အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အကဲဖြတ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။