သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ဂိုလီးယား-မြန်မာ စီးပွားရေး သဘောတူညီချက်ရရှိ

သမ္မတဦးသိန်းစိန်ရဲ့ မွန်ဂိုလီးယားခရီးစဉ် (ဓာတ်ပုံ-သမ္မတရုံးဝပ်ဆိုဒ်)
1/3 သမ္မတဦးသိန်းစိန်ရဲ့ မွန်ဂိုလီးယားခရီးစဉ် (ဓာတ်ပုံ-သမ္မတရုံးဝပ်ဆိုဒ်)
အသေးစိတ် ဖတ်ရှုရန် Show less
သမ္မတဦးသိန်းစိန်ရဲ့ မွန်ဂိုလီးယားခရီးစဉ် (ဓာတ်ပုံ-သမ္မတရုံးဝပ်ဆိုဒ်)
2/3 သမ္မတဦးသိန်းစိန်ရဲ့ မွန်ဂိုလီးယားခရီးစဉ် (ဓာတ်ပုံ-သမ္မတရုံးဝပ်ဆိုဒ်)
အသေးစိတ် ဖတ်ရှုရန် Show less
သမ္မတဦးသိန်းစိန်ရဲ့ မွန်ဂိုလီးယားခရီးစဉ် (ဓာတ်ပုံ-သမ္မတရုံးဝပ်ဆိုဒ်)
3/3 သမ္မတဦးသိန်းစိန်ရဲ့ မွန်ဂိုလီးယားခရီးစဉ် (ဓာတ်ပုံ-သမ္မတရုံးဝပ်ဆိုဒ်)
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

မြန်မာသမ္မတ ဦးသိန်းစိန် မွန်ဂိုလီးယားနိုင်ငံ ခရီးစဉ်တွင်း မြန်မာနဲ့ မွန်ဂိုလီးယား နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အကြောင်း မွန်ဂိုလီးယားသမ္မတ Tsakhiagiin Elbegdorj က ပြောပါတယ်။

နှစ်ဘက် စီးပွားရေးလုပ်ငန်းရှင်တွေကြား အပြန်အလှန် အတွေ့အကြုံ ဖလှယ်မှုတွေ လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြသလို၊ လေကြောင်း သယ်ယူပို့ဆောင်ရေးနဲ့အတူ ခရီးသွားလုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒီကနေ့ သမ္မတနှစ်ဦး ပူးတွဲ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာ ဖြစ်ပါတယ်။

သတ္တုတူးဖော်ရေးလုပ်ငန်းနဲ့ စိုက်ပျိုးရေးကဏ္ဍ အပါအဝင် ကဏ္ဍပေါင်းများစွာမှာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ မွန်ဂိုလီးယားသမ္မတရဲ့ ဖိတ်ကြားချက်နဲ့ ဒီလ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ မွန်ဂိုလီးယားမှာ ရောက်ရှိနေတာဖြစ်ပါတယ်။

ဒါဟာ ၁၉၅၆ ခုနှစ်မှာ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ချိန်ကတည်းကဆိုရင် မြန်မာသမ္မတတဦး မွန်ဂိုလီယားနိုင်ငံဆီ တရားဝင် နိုင်ငံတော်ခရီးစဉ်အဖြစ် ပထမဆုံးအကြိမ် သွားရောက်တာဖြစ်ပါတယ်။

XS
SM
MD
LG