အမေရိကန်လူငယ်တွေ ပြောနေတဲ့ စကားတွေထဲမှာ အခု ခေတ်စားနေတဲ့ ဗန်းစကားတွေနဲ့ သူတို့ကို သုံးနှုန်းပုံတွေကို မကြေးမုံ ပြောပြထားပါတယ်။ ခေတ်အင်္ဂလိပ်စကားကို မကြေးမုံ အမေရိကန်အသံထွက်နဲ့ ပြောထားတာ လေ့လာကြည့်ပါဦး။
ထိုင်းနိုင်ငံကို ဒုတိယ မြန်မာနိုင်ငံတော်ဆိုပြီး နောက်ပြောင် ပြောဆိုနေကြသလို ထိုင်းမှာ နေရင် မြန်မာစကားတတ်ရမယ်ဆိုပြီး ဟာသနှော ပြောဆိုတာတွေလည်း ရှိနေတာပါ၊ မြန်မာလိုပဲ ပြောတတ်ရုံနဲ့ ထိုင်းမှာ နေရေး၊ ထိုင်ရေး အဆင်ပြေနိုင်ပါလား။ မညိုညိုလွင်က ဒီတပတ် နေရာပေါင်းစုံ၊ အကြောင်းစုံ အစီအစဉ်မှာ တင်ပြထားပါတယ်။
မြန်မာနိုင်ငံက လူငယ်အများစုအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ပညာရေး ဗဟုသုတ ရှာဖွေရာမှာ လက်လှမ်းမှီဖို့ ခက်ခဲတတ်လို့ ဒီလိုအပ်ချက်ကို အကူအညီပေးဖို့ လူငယ်တွေပဲ ဦးစီးပြီး The Survivor ပရဟိတာအဖွဲ့ကို ဖွဲ့ထားတယ်လို့ မဆုပြည့်ပြည့်ထူးက ပြောပါတယ်။ မခင်လေးက Gen Z ပရိသတ်အတွက် စကားပြောထားပါတယ်။
တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ တရေးအိပ်ပြိုင်ပွဲကို ဟန်မြစ်ဘေး ပန်းခြံတခုမှာ ကျင်းပ၊ အီတလီနိုင်ငံက အသက် ၉၀ အရွယ် အဘွားအို သူ့အရွယ် အုပ်စုတန်းမှာ ကမ္ဘာ့အမြန်ဆုံး တာတိုအပြေးသမားအဖြစ် စံချိန်သစ်တင်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ကျန်းမာရေးကို ထိခိုက်စေတဲ့ ဆေးလိပ်သောက်မှု တိုက်ဖျက်ဖို့ ကုလသမဂ္ဂက World No Tobacco Day ကမ္ဘာ့ ဆေးလိပ်ကင်းစင်ရေးနေ့ အဖြစ် သတ်မှတ်ထားပါတယ်။ နှစ်စဉ် သန်းနဲ့ချီ သေဆုံးရတဲ့ အကြောင်းတခုဖြစ်တဲ့ ဆေးလိပ်သောက်သုံးမှုဆိုင်ရာ သိမှတ်စရာတချို့ကို မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဥ်မှာ ပြောပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေက လူငယ်တွေကို စုဆောင်းတာကို အာဏာပိုင်တွေ မျက်ကွယ်ပြုနေလို့ အခြေအနေတွေ ရှုပ်ထွေးနေတယ်လို့ ဒုက္ခသည်စခန်းတွေမှာ ငြိမ်းချမ်းရေးနဲ့ ပညာရေး သုတေသီ Jessica Olney က ပြောပါတယ်။ နောက်ဆုံးအခြေအနေတွေကို ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။
ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ ဆန်အပါအဝင် ကုန်စျေးနူန်းတွေ အဆမတန် မြင့်တက်နေပါတယ်။ ဒီသတင်းတွေအပြင် တပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံဈေးနှုန်း အတက်အကျက ဘယ်လိုရှိပါသလဲ။ လယ်ယာစီးပွားသတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ ဘူးသီးတောင်မြို့နယ်ထဲမှာ အကြမ်းဖက်မှုတွေ တိုးလာပြီး၊ ရိုဟင်ဂျာသောင်းချီ ထွက်ပြေးရတဲ့ အခြေအနေကို နိုင်ငံတကာက သတိပေးနေပါတယ်။ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ဂါဇာမှာ AP သတင်းဌာနရဲ့ တိုက်ရိုက် ရုပ်သံထုတ်လွှင့်မှုတွေကို အစ္စရေးအစိုးရက ဖြတ်တောက် ပစ်လိုက်တဲ့အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချခဲ့ကြပြီး နောက်မှာတော့ အစ္စရေးက သူ့ဆုံးဖြတ်ချက်ကို ဒီသီတင်းပတ်ထဲမှာပဲ ပြန်ပြင်ပေးခဲ့ပါတယ်။
ရခိုင်မှာကြီးထွားလာနေတဲ့ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ အခြေအနေနဲ့ နှစ်ဘက် အသိုင်းအဝန်းရဲ့ ရှေ့အလားအလာတွေအကြောင်းကို မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တခုကျော်ကြာ နေထိုင်ခဲ့ပြီး ငြိမ်းချမ်းရေး၊ ပညာရေးနဲ့ လေ့လာရေး အလုပ်တွေ လုပ်နေတဲ့ Jessica Olney ကို ကိုငြိမ်းချမ်းအေးက Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာကို ပစ်မှတ်ထားဖို့ အက်ပလီကေးရှင်းအစုံအသုံးပြုပြီး အွန်လိုင်းငွေကြေးလိမ်လည်မှုတွေ လုပ်ကိုင်ခဲ့ရကြောင်း နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ရွှေကုက္ကိုလ်စီမံကိန်းအတွင်း စေခိုင်းခံခဲ့ရသူတဦးက ဗွီအိုအေကိုပြောပါတယ်။
အာရှနွယ်ဖွား အမေရိကန်တွေကို ဂုဏ်ပြုတဲ့ မေလမှာ မေရီလန်းပြည်နယ်မှာ နေထိုင်တဲ့ အေးရှန်း အမေရိကန်တွေရဲ့ ယဥ်ကျေးမှုပွဲကို မေလ ၂၂ ရက်နေ့က Rockville မြို့က မောင့်ဂိုမာရီကောလိပ်မှာ ကျင်းပပါတယ်။
နောက်ထပ်ကြည့်ရှုရန်