သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်း နောက်ဆက်တွဲ ဖမ်းဆီးထားသူတွေ လွှတ်ပေးဖို့ တူရကီကို ကုလတောင်းဆို


ကုလသမဂ္ဂ အထူးကိုယ်စားလှယ် David Kaye speaks (နိုဝင်ဘာ ၁၈ ၂၀၁၆)
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် David Kaye speaks (နိုဝင်ဘာ ၁၈ ၂၀၁၆)

တူရကီအစိုးရအာဏာရပြီးနောက်ပိုင်းမှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်နိုင်ခွင့်ကို ပိတ်ပင်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေ သုံးနေတယ်လို့ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က သောကြာနေ့ မှာ ပြောသွားပါတယ်။ နိုင်ငံတွင်းမှာ ဖမ်းဆီးထားတဲ့ သူတွေကို သူတို့ရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေအတိုင်း ဆောင်ရွက်ပြီး လွှတ်ပေးဖို့လည်း ထုတ်ဖော်ပြောလိုက်ပါတယ်။

ဇူလိုင်လတုန်းက မအောင်မြင်ခဲ့တဲ့ အာဏာသိမ်းမှုနောက်ပိုင်းမှာ တူရကီအနေနဲ့ သူ့နိုင်ငံသားတွေကို လုံခြုံအောင်ထားဖို့ တာဝန်ရှိတယ် ဆိုတာကို David Kaye က သဘောပေါက်တယ်ဆိုပေမယ့်လည်း သတင်းထောက်တွေ နဲ့တခြားသူတွေကို ထောင်ချတာကတော့ အစိုးရအနေနဲ့တစ်ဖက်စွန်းရောက် လွန်းတယ်လို့ပြောပြီးတော့ ဒီလိုလုပ်ရပ်တွေက ရေရှည်မတည်ငြိမ်မှုတွေနဲ့ အသင်းအုပ်စုတွေ ကွဲမှာကိုအားပေးသလို ဖြစ်နေတယ်လို့ဆိုပါတယ်။

တူရကီအစိုးရနဲ့ပူးပေါင်းပြီး တူရကီနိုင်ငံသားတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့နဲ့နိုင်ငံတွင်း ဥပဒေရေးရာမှာ ပိုကောင်းအောင် လုပ်နိုင်ဖို့ သူ့အနေနဲ့မျှော်လင့်တယ်လို့ပြောပါတယ်။ အာဏာသိမ်းလုပ်ရပ်တွေမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲပြီး သတင်းထောက်တွေနဲ့ ပညာရေး၊ စစ်ဖက် အရပ်ဖက် အစိုးရဝန်ထမ်းတွေကို နှိမ်နင်းဖို့တူရကီသမ္မတ Recep Tayyip Erdogan က ဆောင်ရွက်ခဲ့ပါတယ်။

အစိုးရတပ်တွေက အာဏာသိမ်းမှုကို ပိတ်ဆို့ပြီးနောက်မှာ လူ ၁ သိန်းကျော် အလုပ်ပြုတ်ခဲ့ပါတယ်။ စစ်ရေးဝန်ထမ်းတွေနဲ့ အတိုက်အခံနိုင်ငံရေးသမားတွေ အပါအဝင် တခြားလူ ၃ သောင်းခွဲကိုလည်း အာဏာသိမ်းဖို့စီစဉ်သူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့တယ်ဆိုတဲ့သံသယနဲ့ဖမ်းဆီးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG