သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယတော်ပီဒို မြန်မာကိုရောင်းမည်


အိန္ဒိယစစ်တပ် စစ်ရေးလေ့ကျင့်နေစဉ်။
အိန္ဒိယစစ်တပ် စစ်ရေးလေ့ကျင့်နေစဉ်။

ဒေသတွင်းမှာ တရုတ်ရဲ့ စစ်အင်အားကြီးမားလာမှုကို တန်ပြန်ရေး မူဝါဒအရ India နိုင်ငံက မြန်မာနိုင်ငံနဲ့ စစ်ရေးပူးပေါင်းမှု တိုးမြှင့်နိုင်ဖို့ ကြိုးစားနေတာမှာ အပေါ့စား တော်ပီဒိုတွေကို မြန်မာနိုင်ငံကို တင်ပို့မှာဖြစ်ပါတယ်။ Time of India သတင်းစာထဲမှာ ဖော်ပြထားချက်အရ Rocket launcher တွေ၊ မော်တာစိန်ပြောင်းတွေ၊ ရိုင်ဖက်သေနတ်တွေ၊ ရေဒါတွေ၊ အမှောင်ထဲသုံး ပစ္စည်းတွေ၊ ဘေလီတံတားတွေ၊ စစ်သုံးဂျစ်ကားတွေ၊ ဆက်သွယ်ရေးသုံး ပစ္စည်းတွေအပြင် လမ်းဖောက်ကိရိယာတွေကို မြန်မာစစ်တပ်အတွက် India နိုင်ငံက ပံ့ပိုးပေးဖို့ အဆင့်သင့်ပဲလို့ သတင်းထဲမှာ ရေးထားပါတယ်။

ဒေါ်လာ ၃၈ သန်းနီးပါးဖိုး အပေါ့စားတော်ပီဒိုတွေ တီထွင်မယ့်စာချုပ်အကြောင်းကို India ဘဏ္ဍာရေးဝန်ကြီးလဲဖြစ်၊ ကာကွယ်ရေးဝန်ကြီးလဲဖြစ်တဲ့ Arun Jitley က သောကြာနေ့က ပွဲတခုမှာ ပြောကြားခဲ့တယ်လို့ သတင်းထဲမှာ ရေးထားပါတယ်။ ကီလိုမီတာ ၁ ထောင့် ၆ ကျော်ရှည်လျားတဲ့ ၂ နိုင်ငံနယ်စပ်ကြားမှာ India တပ်တွေက မြန်မာစစ်တပ်နဲ့ ညှိနှိုင်းမှုတိုးမြှင့်ပြီး ကင်းလှည့်သွားမှာဖြစ်ပါတယ်။ အဲဒီနယ်စပ်ဒေသတွေမှာ India နိုင်ငံထဲကခွဲထွက်ဖို့ တိုက်နေတဲ့ သူပုန်အဖွဲ့တွေ လှုပ်ရှားနေတာဖြစ်ပါတယ်။

အိန္ဒိယတော်ပီဒို မြန်မာကိုရောင်းမည်
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG