သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးထင်ကျော် တရုတ်ပြည်သွားမည်


သမ္မတဦးထင်ကျော်။
သမ္မတဦးထင်ကျော်။

သမ္မတ ဦးထင်ကျော်ဟာ လာမယ့် သီတင်းပတ်ကြာသပတေးနေ့မှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဉ် သွားရောက်မှာ ဖြစ်ပါတယ်။ မြန်မာ သမ္မတဟာ တရုတ်သမ္မတ Xi Jinping ရဲ့ ဖိတ်ကြားချက်အရ ဧပြီလ ၆ ရက်ကနေ ၁၁ နေ့အထိ လာရောက်မှာ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lu Kang က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဦးထင်ကျော်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်သမ္မတ Xi Jinping နဲ့ ရော တခြားတရုတ်ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။ သမ္မတ ၂ ဦး တွေ့ဆုံစဉ်မှာ တရုတ်- မြန်မာ ၂ နိုင်ငံ ဆက်ဆံရေးတွေအပြင် တခြား ၂ နိုင်ငံအကျိုးစီးပွါး ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။ လောလောဆယ် သတ်မှတ်ထားတဲ့ အစီအစဉ်ထဲမှာ သမ္မတ ဦထင်ကျော်ဟာ ဘေဂျင်းအပြင် တခြားနေရာတွေကိုလည်း သွားရောက် လည်ပတ်ဖို့ ရှိပါတယ်။

သမ္မတ ဦးထင်ကျော်ရဲ့ အခုခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ အစိုးသစ်တက်လာပြီးတဲ့ နောက်ပိုင်း မြန်မာခေါင်းဆောင်တဦးရဲ့ ပထမဆုံး တရုတ်နိုင်ငံကို သွားရောက်တဲ့ အလည်ပတ်ခရီးစဉ် ဖြစ်ပါတယ်။ အခု သမ္မတရဲ့ ခရီးစဉ်ကနေ တရုတ်မြန်မာ ၂ နိုင်ငံဆက်ဆံရေး တိုးတက်စေဖို့ နဲ့ ၂ နိုင်ငံ ပြည်သူတွေ ပိုအကျိုးရှိလာစေဖို့ အပြင် ၂ နိုင်ငံကြား မဟာဗျူဟာမြောက် ဆက်ဆံရေးတွေ၊ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပြည်သူအချင်းချင်းကြား ဆက်ဆံရေး တိုးလာစေနိုင်မယ်လို့ တရုတ်အစိုးရက ယုံကြည်ထားကြောင်းလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Lu Kang က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG