သုံးရလွယ်ကူစေသည့် Link များ

Kim Jong Un ကို လုပ်ကြံဖို့ ကြံစည်တယ်လို့ မြောက်ကိုရီးယား စွပ်စွဲ


 မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကို မြောက်ကိုရီးယားပြည်သူတွေနဲ့တွေ့ရစဉ်။(မေ ၅-၂၀၁၇)
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကို မြောက်ကိုရီးယားပြည်သူတွေနဲ့တွေ့ရစဉ်။(မေ ၅-၂၀၁၇)

အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယား နိုင်ငံတွေက မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကို မအောင်မြင်တဲ့ လုပ်ကြံမှုတွေနဲ့ လုပ်ကြံဖို့ ကြိုးစားခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရက သောကြာနေ့မှာ စွပ်စွဲလိုက်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားက သူလျှိုအဖွဲ့တွေက Kim Jong Un ကို လုပ်ကြံဖို့ သူတို့ရဲ့အဖွဲ့ဝင်တွေ စေလွှတ်တာကို ရှာဖွေထုတ်ဖေါ်ပြီး ရက်ရက်စက်စက် ချေမှုန်း ပစ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယား လုံခြုံရေးဆိုင်ရာ ဝန်ကြီးရဲ့ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင်း သတင်းမှာ ဖေါ်ပြထားတာပါ။

မြောက်ကိုရီးယား နိုင်ငံတော် လုံခြုံရေး ဝန်ကြီးဌာန အဆိုအရ အမေရိကန်နဲ့ တောင်ကိုရီးယားက သူလျှိုတွေဟာ မြောက်ကိုရီးယား နိုင်ငံသားတွေကို ခေါင်းဆောင် Kim Jong Un ရဲ့ လှုပ်ရှားမှုတွေကို ခြေရာခံဖို့ လိုအပ်တဲ့ ဂြိုဟ်တုဆက်သွယ်ရေး ပစ္စည်းလို ပစ္စည်းတွေ အပြင် ငွေပါပေးပြီး လုပ်ကြံဖို့ အတင်းအကြပ် ခိုင်းစေခဲ့တယ်လို့ လည်း ဖေါ်ပြထားပါတယ်။

Kim လို့ ဖေါ်ပြထားတဲ့ မြောက်ကိုရီးယား နိုင်ငံသားနဲ့ သူလျှိုတို့ကြား ပူးပေါင်း လုပ်ဆောင်မှုဟာ ၂၀၁၄ ခုနှစ်ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး သူ ရုရှားမှာ အလုပ်သွားလုပ်စဉ်က သူလျှိုတွေက သူ့ကို ချဉ်းကပ်ခဲ့တာလို့ ဆိုပါတယ်။ သူ ဌာနေ ပြန်တဲ့အခါမှာ သူလျှိုတွေက သူ့ကို ထပ်တလဲလဲ ဆက်သွယ်ခဲ့သလို ပြီးခဲ့တဲ့ လထဲမှာတော့ သူ့ကို ဇီဝဓါတု အဆိပ် လက်နက် သုံးပြီး လုပ်ကြံဖို့ပြောကြားခဲ့တယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ အခုလို လုပ်ကြံဖို့ ကြံစည်မှု ရှိတယ် ဆိုတာကို ဘယ်လို သိခဲ့တယ်၊ ဒီအမှုအတွက် ဘယ်သူတွေကို ဖမ်းထားတယ် ဆိုတာတွေ တော့ အသေးစိတ်ဖေါ်ပြ မထားပါဘူး။ အခုလို စွပ်စွဲမှုနဲ့ ပတ်သက်ပြီး အမေရိကန် ထောက်လှမ်းရေး CIA ကတော့ မှတ်ချက်တစုံတရာ ပေးဖို့ ငြင်းဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG