သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားခေါင်းဆောင်နဲ့တွေ့ဖို့ သမ္မတ Trump လိုလား


မြောက်ကိုရီးယားခေါင်းဆောင်နဲ့ အမေရိကန်သမ္မတ Trump
မြောက်ကိုရီးယားခေါင်းဆောင်နဲ့ အမေရိကန်သမ္မတ Trump

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တည်ဆောက်မှု အစီအစဉ်တွေကို သီတင်းပတ် အတန်ကြာ ဝေဖန် ပြောဆိုခဲ့တဲ့ သမ္မတ Donald Trump က ပဋိပက္ခတွေကို ဆွေးနွေးဖို့အတွက် မှန်ကန်တဲ့ အခြေအနေတွေအောက်မှာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တွေ့ဆုံမယ်လို့ အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

Kim Jong Un နဲ့ တွေ့ဆုံဖို့ အခြေအနေပေးရင် သူတွေ့ဆုံမှာဖြစ်ကြောင်း၊ အဲဒီလို တွေ့ဆုံမယ်ဆိုတဲ့ နေရာမှာ မှန်ကန်တဲ့ အခြေအနေတွေ ဖြစ်ဖို့တော့ လိုတယ်လို့ Bloomberg သတင်းဌာနနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းအတွင်း သမ္မတ Trump က ပြောပါတယ်။

နိုင်ငံရေးသမား အများစုကတော့ အခုလို ပြောမှာ မဟုတ်ကြောင်း၊ ဒါပေမယ့် အခြေအနေပေးရင် Kim Jong Un နဲ့ တွေ့မှာဖြစ်ကြောင်း သမ္မတ Trump က ပြောပါတယ်။

ဒါပေမယ့် သမ္မတ Trump နဲ့ Kim Jong Un တွေ့ဖို့ အလှမ်းဝေးသေးကြောင်း၊ မြောက်ကိုရီးယား အနေနဲ့ သူ့ရဲ့ ရန်လိုတဲ့ သဘောနဲ့ နျူကလီးယား လက်နက် တည်ဆောက်မှု အစီအစဉ်တွေ မရပ်ဆိုင်းမချင်း တွေ့ဆုံမှု မဖြစ်နိုင်ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ Sean Spicer က ပြောပါတယ်။

တွေ့ဆုံဖို့ မကြာခင် ကာလအတွင်းမှာ ဖြစ်နိုင်ခြေ သူ့အနေနဲ့ မမြင်ကြောင်း၊ လက်ရှိ အခြေအနေတွေကလည်း တွေ့ဆုံဖို့အတွက် မဖြစ်နိုင်ကြောင်း Sean Spicer က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG