သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု ဆက်လုပ်


မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု။( ဖေဖော်ဝါရီ ၁၃-၂၀၁၇)
မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု။( ဖေဖော်ဝါရီ ၁၃-၂၀၁၇)

ဂျပန်ပင်လယ်ပြင်ထဲ စနေနေ့ အစောပိုင်းကျရောက်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ နောက်ဆုံး ဒုံးကျည်စမ်းသပ်မှုနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ Donald Trump ကို တင်ပြခဲ့တယ်လို့ သမ္မတ အိမ်ဖြူကပြောပါတယ်။ သမ္မတရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ဒီကိစ္စကို သမ္မတ Trump အစိုးရအဖွဲ့က သိထားပြီးဖြစ်တယ် လို့ပဲ ဖေါ်ပြထားပါတယ်။

မြောက်ကိုရီးယားက မြို့တော် Pyongyang မြောက်ဖက်ကနေ ပဲ့ထိမ်းတပ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတခု လုပ်ခဲ့တယ်လို့ တောင်ကိုရီးယား Yonhap သတင်းမှာ ဖေါ်ပြထားပါတယ်။

အမေရိကန် ပစိဖိတ်ဒေသ တပ်မဟာက တပ်မှုး David Benham ကတော့ပဲ့ထိမ်းတပ် ဒုံးကျည်ကို Pukchang လေတပ်စခန်းနားကနေ ပစ်လွှတ်ခဲ့တာ ဖြစ်ပြီး မြောက်ကိုရီးယား ပိုင်နက် ဒေသတွင်းမှာပဲ ကျရောက်ခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။

ဒီဒုံးကျည်ဟာ မြောက်အမေရိက တိုက်အတွက် အန္တရာယ် မရှိနိုင်ဘူးလို့ NORAD မြောက်အမေရိက လေကြောင်း ကာကွယ်ရေးဌာနချုပ်က စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း Benham ကပြောပါတယ်။

ဒေသစံတော်ချိန် စနေမနက်မှာ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။အခုပစ်လွှတ်တဲ့ ဒုံးကျည်ဟာ KN-17 အမျိုးအစား တာလတ်ပစ် ပဲ့ထိမ်းတပ် ဒုံးကျည် ဖြစ်နိုင်တယ်လို့ အမေရိကန် အရာရှိတဦးက CNN ကို ပြောပါတယ်။ ဒီဒုံးကျည်ဟာ ကိုရီးယား ကျွန်းဆွယ်ရေပြင်ထဲ မကျခင် ကီလိုမီတာ ၃၀ ကနေ ၄၀ လောက် ပြေးခဲ့တယ်လို့လည်း ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson မြောက်ကိုရီးယား အရေး ကုလသမဂ္ဂအထူးအစည်းဝေးမှာ မိန့်ခွန်းပြောပြီး နာရီပိုင်းအတွင်းမှာပဲ အခုလို ဒုံးကျည်နဲ့ ပစ်ခတ်မှု ဖြစ်ပွါးခဲ့တာပါ။ ဝန်ကြီး Tillerson က မြောက်ကိုရီးယားကို သူ့ရဲ့ နျူကလီယား အစီစဉ်တွေ စွန့်လွှတ်လာတဲ့ အထိ ဖိအားတိုးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG