သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမြို့ကို စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲနေဆဲ


မြဝတီမြို့ကို စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲနေဆဲ
please wait

No media source currently available

0:00 0:02:52 0:00

မြ၀တီမြို့က စစ်ကောင်စီရဲ့ ခလရ ၂၇၅ ကနေ မြန်မာစစ်သားတွေ ဆုတ်ခွာသွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ဒီနေ့ မနက်ပိုင်းအထိ တိုက်ပွဲ အသံတွေကို ထိုင်းနိုင်ငံဘက်က ကြားနေပါတယ်။ နယ်စပ် ချစ်ကြည်ရေးတံတားနေရာတချို့ကိုလည်း ထိုင်းဘက်က ဖြတ်သန်းခွင့် မပေးတော့ပါဘူး။

ထိုင်းနယ်စပ် မြဝတီမြို့ နောက်ဆုံးအခြေအနေသတင်းပေးပို့ချက်

မြ၀တီမြို့က စစ်ကောင်စီရဲ့ ခလရ ၂၇၅ ကနေ မြန်မာစစ်သားတွေ ဆုတ်ခွာသွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ဒီနေ့ မနက်ပိုင်းအထိ တိုက်ပွဲ ဖြစ်ပွားနေတဲ့ အသံတွေ၊ မြန်မာစစ်တပ်ဘက်က ဗုံးကြဲတိုက်ခိုက်နေတဲ့ အသံတွေကို ထိုင်းနိုင်ငံဘက်က ကြားနေပါတယ်။ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ လုံခြုံရေးအရ စစ်ဆေးတာတွေ အရေးပေါ် လူနာတင်ကားတွေ သွားလာနေသလို နယ်စပ် ချစ်ကြည်ရေးတံတားနေရာတချို့ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖြတ်သန်းခွင့် မပေးတော့ပါဘူး။ ထိုင်းနယ်စပ်အခြေအနေ VOA မြန်မာပိုင်းအစီအစဉ်က ကိုအောင်အောင်က မဲဆောက်မြဝတီတံတားအနီး နယ်ခြားစည်းကနေ ကိုယ်တိုင် သတင်းပေးပို့ထားပါတယ်။

Forum

XS
SM
MD
LG