သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစာငတ်ခံဆန္ဒပြသူ ထောင်တွင်းသေဆုံးမှု စုံစမ်းဖို့ ထိုင်းဝန်ကြီးချုပ်ညွှန်ကြား


ထိုင်းနိုင်ငံမှာ တက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီးအကျဉ်းထောင်ထဲ သေဆုံးခဲ့ပြီးနောက် တက်ကြွလှုပ်ရှားသူများက ဆုတောင်းပေးနေကြစဉ် (မေ ၁၄၊ ၂၀၂၄)
ထိုင်းနိုင်ငံမှာ တက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီးအကျဉ်းထောင်ထဲ သေဆုံးခဲ့ပြီးနောက် တက်ကြွလှုပ်ရှားသူများက ဆုတောင်းပေးနေကြစဉ် (မေ ၁၄၊ ၂၀၂၄)

ထိုင်းနိုင်ငံမှာ တက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီးတဦး အကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြပြီး သေဆုံးခဲ့တာနဲ့ ပတ်သတ်လို့ စုံစမ်း စစ်ဆေးသွားမယ့်အကြောင်း ထိုင်း ဝန်ကြီးချုပ် Srettha Thavisin ဒီကနေ့ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။ ဝန်ကြီးချုပ်က သေဆုံးသူ မိသားစုထံ ဝမ်းနည်းကြောင်းစကား ပြောကြားခဲ့ပြီး ဒီလိုအဖြစ်မျိုး ဘယ်မိသားစုမှ လိုလားမှာမဟုတ်ကြောင်း ပြောပါတယ်။

အသက် ၂၈ နှစ်အရွယ် “Bung” ခေါ် Netiporn Sanesangkhom သေဆုံးခဲ့ပြီးနောက် ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေး စနစ်နဲ့ ပတ်သတ်လို့လည်း လူအများကြား အကြီးအကျယ် အငြင်းအခုံ ပြောဆိုဆွေနွေးစရာ ဖြစ်လာတာပါ။

အင်္ဂါနေ့ညပိုင်းတုန်းက ဘန်ကောက်မြို့ရဲ့ ရာဇဝတ်မှုဆိုင်ရာ တရားရုံးအပြင်ဖက်မှာ လူ ၈၀ လောက်စုဝေးပြီး သေဆုံးသူ Netiporn Sanesangkhom ကို ဂုဏ်ပြုခဲ့ကြပါတယ်။

Netiporn ဟာ တော်ဝင်မိသားစုနဲ့ ပတ်သတ်လို့ လူထုအမြင် စစ်တမ်းကောက်ယူရာမှာ အများပြည်သူ သွားလာရာနေရာတွေမှာ စစ်တမ်း ကောက်ယူခဲ့တာကြောင့်ဆိုပြီး သူ့ကို တော်ဝင်မိသားစုကို အကြည်ညိုဖျက်မှုနဲ့ စွဲချက်တင်ခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ဇန်နဝါရီလက သူ့ကိုအာမခံ ပြန်ရုတ်လိုက်ပြီးတဲ့နောက် Netiporn အကျဉ်းထောင်အတွင်း အစာငတ်ခံဆန္ဒပြခဲ့ပါတယ်။ ဧပြီလ ၄ ရက်နေ့မှာ သူဟာ အစာပြန်စ စားခဲ့တယ်လို့ အကျဉ်းထောင်က ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လို့ သူဟာ ဆက်ပြီး အစာငတ်ခံ ဆန္ဒပြနေတုန်းပဲလို့ ထိုင်းလူ့အခွင့်အရေး ရှေ့နေအဖွဲ့က ဧပြီလ ၂၅ရက်နေ့ကထုတ်ပြန်ပါတယ်။

Netiporn ဟာ ထိုင်းတော်ဝင်ဘုရင်စံနစ်ကို ပြုပြင်ပြောင်းလဲရေးတောင်းဆိုတဲ့ Thaluwang တတ်ကြွလှုပ်ရှားမှု အဖွဲ့ရဲ့ အဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။ အင်္ဂါနေ့မနက်ပိုင်းက နှလုံးခုန် ရုတ်တရက် ရပ်ပြီး သူ့ကိုပြန်သတိရအောင် ဆေးအဖွဲ့တွေက နာရီပေါင်းများစွာ ကြိုးစားခဲ့ကြသေးတယ်လို့ အကျဉ်းထောင်က ထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG