သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗကသ ဗဟိုကော်မီတီသစ် ရွေးချယ်


ကျောင်းသားထု ညီလာခံ ဖြစ်မြောက်ရေး အကြို အစည်းအဝေး (ABFSU CWC)
ကျောင်းသားထု ညီလာခံ ဖြစ်မြောက်ရေး အကြို အစည်းအဝေး (ABFSU CWC)

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ကျင်းပနေတဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ ကျောင်းသားထု ညီလာခံ ဖြစ်မြောက်ရေးအကြိုအစည်းအဝေးကနေ ဗကသများအဖွဲချုပ် ဗဟိုလုပ်ငန်းကော်မတီဝင် အသစ်တွေကို ပြန်လည် ရွေးချယ်ခဲ့ပြီး မြန်မာနိုင်ငံမြောက်ပိုင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို တပ်မတော်ဘက်ကနေ ရပ်တန့်ဖို့အတွက် တောင်းဆိုလိုက်ပါတယ် ။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲချုပ် ဗကသရဲ့ကျောင်းသားထု ညီလာခံ ဖြစ်မြောက်ရေးအကြို အစည်းအဝေးကို ကရင်ပြည်နယ်၊ ဘားအံမြိုမှာ နိုဝင်ဘာလ ၂၆ရက်နေ့ကနေ ၂၈ရက်နေ့ထိ ၃ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး တနိုင်ငံလုံးက ကျောင်းသားကိုယ်စားလှယ် ၁၅၀ကျော် တက်ရောက်ခဲ့တာပါ။ ဒီအစည်းဝေးပွဲကြီးကနေ ဗကသများအဖွဲချုပ်ရဲ့ ဗဟိုလုပ်ငန်း ကော်မတီဝင်အသစ် အဖြစ်ကျောင်းသား ၂၁ ဦးကို ရွေးချယ်ခဲ့ပါတယ်။ ဒီအစည်းဝေးကနေ တိုင်းရင်သားနဲ့ လူမျိုးစုရေးရာကော်မတီအပါအဝင်ကော်မတီ ၆ခုကို ဖွဲစည်းခဲ့တဲ့အကြောင်း ကိုတော့ ရွေဘိုခရိုင်ကနေ ကိုယ်စားပြုတက်လာပြီး ရွေးချယ်ခံခဲ့ရတဲ့ ကျောင်းသားတဦးက ပြောပါတယ်။

“ဟုတ်ကဲ့ခင်ဗျ အခု CWC အဟောင်းကို ဖျက်သိမ်းပြီးတော့ အသစ် ပြန်လည်ဖွဲ့စည်းတယ်ပေါ့။ ပြန်လည်ဖွဲ့စည်းတဲ့နေရာမှာ ဒေသအစုံက ကိုယ်စားလှယ်တွေပါတယ်ပေါ့။ ဧရာဝတီ၊ ပဲခူး၊ ပြည်၊ ရန်ကုန်၊ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ မန္တလေး၊ မိတ္တီလာ၊ ရမည်းသင်း စတဲ့ ဒေသစုံက ကိုယ်စားလှယ် တွေပါတယ်ပေါ့ဗျာ။ ဟုတ်ကဲ့ ကျောင်းပေါင်းစုံက တက္ကသိုလ်ပေါင်းစုံက ကိုယ်စားလှယ်တွေပါပါတယ်။ ကျောင်းသားပေါင်းစုံ တက်ရောက်တဲ့ ဦးရေကတော့ ၁၅၀ ကျော်ပါတယ်ခင်ဗျ။ စနစ်ကတော့ အတွင်းရေးမှူး အဖွဲ့နဲ့ ရေးရာကော်မတီ ၆ ခုနဲ့ သွားထားပါတယ်။ ကော်မတီ လုပ်ငန်းစဉ်တွေက ပထမတခုကတော့ ကျောင်းသားထု အခွင့်အရေးကာကွယ်ရေးပေါ့ ၊ နောက်တခုကတော့ တိုင်းရင်းသား လူမျိုးစုရေးရာ ကော်မတီ၊ နောက်တခုက ဘဏ္ဍာရေး ၊ နောက်တခုကတော့ နိုင်ငံခြားဆက်ဆံရေး၊ နောက်တခုကတော့ မှတ်တမ်းနဲ့ သုတေတီ နောက်တခုကတော့ သတင်းနဲ့ ပြန်ကြားရေးပါခင်ဗျ။”

ဒီဆွေးနွေးပွဲကနေ ဆုံးဖြတ်ချက် ချခဲ့ကြတာကတော့ ကျောင်းသားထု ညီလာခံ ဖြစ်မြောက်ရေးအတွက် ကော်မီတီဖွဲ့ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အပြင် မြန်မာပြည် မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ ပတ်သက်လို့ မြန်မာ့ တပ်မတော်ဘက်က ထိုးစစ်ဆင်နေတာတွေ ရပ်တန့်ဖို့အတွက် တောင်းဆို ခဲ့ပါတယ်။

“တိုင်းရင်းသားတွေက သူတို့နယ်ပယ်အတွက် သူတို့ခုခံတယ်၊ ခုခံနေစဉ်အတွင်းမှာ ပထမ အဆင့်မှာ ၂၁ ရာစုပင်လုံညီလာခံ ဆိုတဲ့ ကိစ္စမှာ အင်မတန် အားသွန်ခွန်စိုက်တက်ရောက်လာတာကို တွေ့ရတယ်။ ဆွေးနွေးတာတွေလည်းတွေ့ရတယ်။ အဲဒီလို ဆွေးနွေး ညှိနှိုင်းနေစဉ်ကာလမှာ စစ်တပ်အနေနဲ့ ဆက်တိုက်ထိုးစစ်ဆင်တာတွေပြုလုပ်လာတာအတွက် တိုင်းရင်းသားတွေအနေနဲ့ ခုခံတယ်လို့ ကျနော်တို့မြင်တယ်။ အဲဒီအတွက် တဖက်သတ် ရပ်ဆိုင်းပြီးတော့ ကျနော်တို့ ငြိမ်းချမ်းရေးကို အမြန်ဆုံးအကောင်အထည်ဖော်ပေးဖို့ တောင်းဆိုရခြင်းဖြစ်တယ်။”

ဗကများအဖွဲချုပ်ဟာ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ကန့်ကွက် သပိတ်မှောက်ပြီး ခရီးှရှည်ချီတက်ခဲ့တာကြောင့် ပြီးခဲ့တဲ့အစိုးရလက်ထက် ရိုက်နှက်ဖြိုးခွင်းတာ ခံရပြီး တနှစ်ကျော်ကြာ ဖမ်းဆီးချုပ်နှောင်တာကို ခံခဲ့ရတာပါ။ အစိုးရသစ်လက်ထက်မှာတော့ သူတိုကို စွဲဆိုထားတဲ့ အမူတွေကို ပြန်ရုပ်သိမ်းပေးခဲ့ပြီး ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို ပြန်လွတ်ပေးခဲ့ပါတယ်။

လက်ရှိမှာတော့ ကျောင်းသားတွေက ပြည်လုံးကျွတ် ကျောင်းသားညီလာခံကြီး ကျင်းပနိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်နေကြပြီး လူမျိုးစု ကျောင်းသားတွေကလည်း ဒီ ညီလာခံ ကျင်းပနိုင်ရေးအတွက် ဗကသများအဖွဲချုပ်နဲ့အတူ ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီခဲ့ကြပါတယ်။

ဗကသ ဗဟိုကော်မီတီသစ် ရွေးချယ်
please wait

No media source currently available

0:00 0:02:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG