သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Aleppo ကယ်ဆယ်ရေး ပြန်လည်စတင်


ဆီးရီးယားနိုင်ငံမြောက်ပိုင်း အလက်ပိုမြို့ကနေ သူပုန်တွေနဲ့ အရပ်သားတွေ ကယ်ဆယ်ပြောင်းရွှေ့ပေးနေတဲ့ အစီအစဉ်ဟာ တရက် နောက်ကျခဲ့ပြီးနောက် နောက်ဆုံးအသုတ် ပြောင်းရွှေမှုတွေ ပြန်လည် စတင်နေပါတယ်။

အခုဆိုရင် ဘတ်စ်ကားတွေဟာ အလက်ပိုမြို့ အရှေ့ပိုင်းကနေ ပြန်လည် ထွက်ခွာနေကြပြီ ဖြစ်တယ်လို့ ဆီးရီးယားနိုင်ငံအတွင်းမှာ ရှိနေတဲ့ ကုလသမဂ္ဂ အရာရှိတွေက ပြောပါတယ်။

လူပေါင်း ၃ ထောင်ကို တင်ဆောင်ထားတဲ့ ဘတ်စ်ကားအစီး ၆၀ ဟာ ရေခဲလောက်အောင် ရာသီဥတု အေးစက်နေတဲ့ အလက်ပိုမြို့အရှေ့ပိုင်းကနေ လူတွေကို သယ်ဆောင်ပြီး ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဆီးရီးယားအခြေစိုက် ဗြိတိသျှလူ့အခွင့်အရေး အဖွဲ့ကပြောပါတယ်။

ဒါဟာ အလက်ပိုမြို့ရဲ့ နေရာတချို့ကို ၄ နှစ်ကြာ သိမ်းပိုက်ခဲ့တဲ့ သူပုန်တွေအတွက်မြို့ကနေ ထွက်ခွာဖို့ နောက်ဆုံးအဆင့် ဖြစ်ပါတယ်။

အခုလို ရွှေ့ပြောင်းပေးမှု အဆုံးသပ်သွားပြီးရင် သူပုန်တွေ ထိန်းချုပ်ခဲ့တဲ့ အလက်ပိုမြို့ဟာ သမ္မတဘာရှာအယ်လ် အာဆတ် ရဲ့ထိန်းချုပ်မှု အောက်ကို အပြည့်အ၀ ရောက်ရှိသွားမှာ ဖြစ်ပြီး ဒါဟာ ၆ နှစ်နီးပါးကြာ ဆီးရီးယား ပြည်တွင်းစစ်ကာလအတွင်း သမိုင်းဝင် အဖြစ်ပျက်လည်း ဖြစ်ပါတယ်။

Aleppo ကယ်ဆယ်ရေး ပြန်လည်စတင်
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG