သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Assad ရေရှည် အာဏာမြဲနိုင်ဖို့ အမေရိကန်မမြင်


ဆီးရီးယားသမ္မတ Bashar al-Assad အနေနဲ့ အကြာကြီးဆက်ပြီးတိုင်းပြည်အာဏာကို ယူထားလို့ မရတော့ဘူးလို့ အိမ်ဖြူတော်က ပြတ်ပြတ်သားသားပြောကြားခဲ့ပါတယ်။

Assad အုပ်ချုပ်နေသရွေ့ တည်ငြိမ်အေးချမ်းတဲ့ ဆီးရီးယားနိုင်ငံကို မျှော်မှန်းကြည့်လို့ရမှာ မဟုတ်ဘူးလို့ အိမ်ဖြူတော်ပြောခွင့်ရသူ Sean Spicer ကသတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အမေရိကန်ရဲ့ အဓိကဦးစားပေးက IS စစ်သွေးကြွတွေကို အောင်နိုင်ဖို့ဖြစ်ပြီး။ IS တွေကို ခြေမှုန်းနိုင်ပြီဆိုရင် ခေါင်းဆောင်အပြောင်းအလဲဖြစ်နိုင်မယ့် အခြေအနေကို ဖန်တီးပေးရမှာဖြစ်တယ်လို့ သူကဆိုပါတယ်။

ရည်မှန်းချက်တခုက ၇ နှစ်ထဲရောက်နေတဲ့ ဆီးရီးယားပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ဖြစ်ပြီး စစ်ဒဏ်ခံနေရတဲ့ ဆီးရီးယားပြည်သူတွေအနေနဲ့ တခြားနိုင်ငံတွေဆီ ထွက်ပြေးစရာမလိုဘဲ သူတို့နိုင်ငံထဲမှာ လုံလုံခြုံခြုံ ဆက်ပြီးနေထိုင်နိုင်အောင် ဖန်တီးပေးရမယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူ Sean Spicer ကတနင်္လာနေ့က သတင်းစာရှင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

ဆီးရီးယားပြည်သူ ၈၀ ကျော်သေဆုံးပြီး ရာနဲ့ချီဒဏ်ရာရခဲ့တဲ့ ဓါတုလက်နက်တဲ့ တိုက်ခိုက်ရာမှာ ဆီရီးယားတပ်တွေအသုံးပြုခဲ့တယ်လို့ ယုံကြည်တဲ့လေတပ်စခန်းကို ပြီးခဲ့တဲ့ တပါတ်က အမေရိကန်သမ္မတအမိန့်နဲ့ Missile ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ နောက်မှာလည်း အမေရိကန်က ခုလိုလက်တုံ့ပြန်တိုက်ခိုက်မှုတွေလုပ်ကောင်းလုပ်နိုင်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG