သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဂျပန်ချစ်ကြည်ရေးခရီး စတင်


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧပြီ၊ ၂၀၁၃ တုန်းက ဂျပန်နိုင်ငံခရီးစဉ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧပြီ၊ ၂၀၁၃ တုန်းက ဂျပန်နိုင်ငံခရီးစဉ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ ရက်ကြာ ဂျပန်နိုင်ငံခရီးစဉ်ကို ဒီကနေ့ နိုဝင်ဘာ ၁ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့အထိ နိုင်ငံတော်ဧည့်သည် အဖြစ်သွားရောက်တဲ့ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲ့နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

ဂျပန်ဧကရာဇ်နဲ့ မိဖုရားတို့ကို လည်း သွားရောက်တွေ့ဆုံ နှုတ်ဆက်မှာဖြစ်ပါတယ်။ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေ၊ တခြားမြန်မာနိုင်ငံသားတွေ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နိုဝင်ဘာ ၂ ရက်နေ့မှာ တေ့ွဆုံဖို့ မြန်မာသံရုံးက စီစဉ်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်မှာ ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီး အဖဲ့ွဝင် စုစုပေါင်း ၁၉ ယောက်လိုက်ပါသွားမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်ကနေ ဂျပန်၊ မြန်မာဆက်ဆံရေး တိုးတက်ခိုင်မာဖို့ မျှော်လင့်ကြောင်း ဂျပန်နိုင်ငံခြားရေးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေအတွက် ထောက်ပံ့မှုအများအပြားပေးနေတဲ့ နိုင်ငံတခုဖြစ်ပါတယ်။

အခုဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပထမဆုံး တရားဝင် ဂျပန်နိုင်ငံ ခရီးစဉ်ဖြစ်ပါတယ်။ ၂၀၁၃ ဧပြီလတုန်းကတော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ဖိတ်ကြားချက်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဂျပန်ကို သွားရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG