သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ဗြိတိန်လုံခြုံရေး သတိပေးမှု အဆင့်လျှော့


ဗြိတိန် နိုင်ငံ မန်ချက်စတာမြို့ ဗုံးခွဲတိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ရသူတွေ အတွက် စိန့်အန်း ရင်ပြင်မှာ ပန်းစည်းတွေ ချထားစဉ်။ မေလ ၂၆ ရက် ၂၀၁၇။
ဗြိတိန် နိုင်ငံ မန်ချက်စတာမြို့ ဗုံးခွဲတိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ရသူတွေ အတွက် စိန့်အန်း ရင်ပြင်မှာ ပန်းစည်းတွေ ချထားစဉ်။ မေလ ၂၆ ရက် ၂၀၁၇။

ဗြိတိန်ရဲတပ်ဖွဲ့က Manchester မြို့ အသေခံ ဗုံးဖောက်ခွဲမှုနဲ့ ဆိုင်တဲ့ စုံစမ်း စစ်ဆေးမှုမှာ တိုးတက်မှုတွေ ရှိလာတဲ့အတွက် အကြမ်းဖက်မှု အန္တရာယ် သတိပေး နှိုးဆော်ချက်ကို အမြင့်ဆုံး အဆင့်ကနေ စနေနေ့မှာ တဆင့်လေ ျှာ့ချ သတ်မှတ်လိုက်ကြောင်း ဝန်ကြီးချုပ် Theresa May က ပြောကြားလိုက်ပါတယ်။

တနင်္လာနေ့က Manchester အားကစားရုံမှာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်သွားခဲ့ ပြီးတဲ့နောက် ဗြိတိန်ရဲ့ အကြမ်းဖက်မှု အန္တရာယ် သတိပေး နှိုးဆော်ချက်ကို အမြင့်ဆုံး အဆင့်အထိ သတ်မှတ်လိုက်ပြီး လက်နက်ကိုင် ရဲတပ်ဖွဲ့တွေကို ကူညီဖို့ စစ်သားတွေကို စေလွှတ်ထားကြောင်း ဝန်ကြီးချုပ် Theresa May က အင်္ဂါနေ့မှာ ကြေညာခဲ့တာ ဖြစ်ပြီး နောက်ထပ် တိုက်ခိုက်မှု ဖြစ်နိုင်ခြေ ရှိတယ်လို့လည်း သတိပေးခဲ့တာပါ။

အကြမ်းဖက်မှု အန္တရာယ် ဖြစ်နိုင်ခြေ အမြင့်ဆုံးကနေ တဆင့် လေ ျှာ့ ချ လိုက်ပေမယ့်လည်း နောက်ထပ် တိုက်ခိုက်မှု ဖြစ်နိုင်ခြေ ရှိတယ်လို့ ယူဆထားဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းတုန်းက အမေရိကန် Pop အဆိုတော် Ariana Grande ရဲ့ ဂီတ ဖျော်ဖြေပွဲမှာ ဖြစ်သွားခဲ့တဲ့ အသေခံ ဗုံးခွဲမှုနဲ့ ဆက်နွှယ်တဲ့သူ ၂ ဦးကို ထပ်မံ ဖမ်းဆီးလိုက်ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ကြေညာပါတယ်။

စနေနေ့က ပြုလုပ်ခဲ့တဲ့ ဝင်ရောက် စီးနင်းမှုအတွင်း အသက် ၂၂ နှစ်နဲ့ အသက် ၂၀ အရွယ် အမျိုးသား ၂ ဦးကို ဖမ်းဆီးလိုက်ကြောင်း Manchester ရဲတပ်ဖွဲ့က Twitter လူမှု ကွန်ယက်ကတဆင့် ကြေညာခဲ့ပါတယ်။ Cheetham Hill အရပ်မှာရှိတဲ့ အဲဒီ အမျိုးသား ၂ ဦးရဲ့ အိမ်ကို ဝင်ရောက်ဖို့ ကြိုးစားစဉ် ထိန်းချုပ် ဖောက်ခွဲမှု ထပ်မံ ပြုလုပ် ခဲ့ရကြောင်းလည်း ရဲတပ်ဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုချိန်ထိ စစ်ဆေး မေးမြန်းဖို့အတွက် အမျိုးသား ၁၁ ဦးကို ထိန်းသိမ်းထားတယ်လို့ ဗြိတိန် ရဲတပ်ဖွဲ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG