သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Clinton အီးမေးလ်ကိစ္စ ပြန်စစ်မည်


အမေရိကန်တရားရေးဌာနက စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်းအဖြစ် Hillary Clinton တာဝန်ထမ်းဆောင်စဉ် ကိုယ်ပိုင်အီးမေးလ်ဆာဗာ အသုံးပြုမှုအပေါ် စုံစမ်းစစ်ဆေးမှုကို ပြန်လည်သုံးသပ်သွားမယ့်အကြောင်း ကြာသပတေးနေ့မှာ ပြောဆို လိုက်ပါတယ်။ ဝန်ကြီးဟောင်း ကလင်တန်ရဲ့ အီးမေးလ်ကိစ္စဟာ ပြီးခဲ့တဲ့နှစ်ထဲ သူရှုံးနိမ့်ခဲ့တဲ့ သမ္မတရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှု ကာလမှာ အငြင်းပွားစရာ အဖြစ်ခဲ့ဆုံး ကိစ္စတခုလည်း ဖြစ်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာဖို့ ကြိုးပမ်းခဲ့သူလည်းဖြစ်၊ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ အမေရိကန် ထိပ်တန်းသံတမန်တဦးလည်းဖြစ်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Clinton ရဲ့ အီးမေးလ်ကိစ္စအပေါ် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို FBI ညွှန်ကြားရေးမှူး James Comey အနေနဲ့ နှစ်နဲ့ချီပြီး ဘယ်လိုစုံစမ်းခဲ့သလဲ ဆိုတာတွေကို လေ့လာစစ်ဆေးမှာ ဖြစ်တဲ့အကြောင်း တရားရေးဌာန အရာရှိချုပ် Michael Horowitz ကပြောဆိုလိုက်တာပါ။

FBI ညွှန်ကြားရေးမှူး Comey ကတော့ ဝန်ကြီ ကလင်တန်အနေနဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေကို ကိုယ်ပိုင်အီးမေးလ်ဆာဗာနဲ့ အသုံးပြုခဲ့တာဟာ နမော်နမဲ့နိုင်လွန်းတယ်လို့ ပြောဆိုခဲ့ပေမဲ့ ရာဇဝတ်ကြောင်းအရ အရေးယူနိုင်လောက်တဲ့ အမှားမျိုးတော့မလုပ်ခဲ့ဘူးလို့ ရွေးကောက်ပွဲ မတိုင်ခင် ၄ လအလိုမှာ ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့မတိုင်ခင် ရက်ပိုင်းအလိုမှာပဲ စုံစမ်းစစ်ဆေးမှု ပြန်လုပ်ခဲ့ပြီး၊ ၂ ရက် အလိုကျတော့မှ နောက်ထပ် အချက်အလက်သစ် မတွေ့ရတဲ့အကြောင်း ရွေးကောက်ပွဲဆိုင်ရာ စုံစမ်းစစ်ဆေးသူတွေကို ထပ်မံပြောဆိုခဲ့ပါတယ်။

တရားဝင် ရွေးကောက်ပွဲနေ့မတိုင်ခင် ၁၁ ရက်အလို သန်းနဲ့ချီတဲ့ မဲဆန္ဒရှင်ပြည်သူတွေက ကြိုတင်မဲပေးနေချိန်မှာ မစ္စတာ Comey က စုံစမ်းစစ်ဆေးမှု ပြန်စခဲ့တာဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ဦးမြောက် သမ္မတအဖြစ် ရှေ့သီတင်းပတ်မှာ တာဝန်ယူတော့မယ့် အိမ်ခြံမြေလုပ်ငန်းရှင် သန်းကြွယ်သူဌေးကြီး Donald Trump ကို ရှုံးနိမ့်ခဲ့ရတဲ့ အဓိကအချက်တခုအဖြစ်နဲ့လည်း ဝန်ကြီးဟောင်း ကလင်တန် ကပြောဆိုထားပါတယ်။

Clinton အီးမေးလ်ကိစ္စ ပြန်စစ်မည်
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG