သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆၆(ဃ) ဒီမိုကရေစီအစိုးရ ပုံရိပ်ကို ထိခိုက်နိုင်


Eleven မီဒီယာ အမှူဆောင်အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင် (အလယ်)
Eleven မီဒီယာ အမှူဆောင်အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင် (အလယ်)

ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို အသေရေဖျက်မှုနဲ့ Eleven Media Group အမှူဆောင် အရာရှိချုပ်နဲ့ အယ်ဒီတာချုပ်ကို ဖမ်းဆီးထားတာဟာ ဒီမိုကရေစီ အစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်တဲ့အတွက် သူတို့ကို ချက်ခြင်း ပြန်လွှတ်ပေးသင့်တယ်လို့ တက်ကြွ လှုပ်ရှားသူတွေနဲ့ သတင်း မီဒီယာသမားတွေက တောင်းဆို လိုက်ပါတယ်။ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)လို လွတ်လပ်စွာ ပြောဆိုခွင့်ကို ဥပဒေအရ ဟန့်တား ထားတဲ့ ဥပဒေကိုလည်း ဖျက်သိမ်းသင့်တယ်လို့ ဥပဒေ ပညာရှင်ကထောက်ပြ ပါတယ်။ အသေးစိတ် မဆုမွန် ပြောပြပေးပါမယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ်အပေါ် သတင်းမှားဖြန့်ဝေမှု၊ အသေရေဖျက်မှုတွေနဲ့ တရားစွဲ ဆိုပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထားတဲ့ Eleven Media Group အမှူဆောင် အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှုဖွင့် အရေးယူတဲ့ကိစ္စမှာ ကြားဝင်ညှိနှိုင်းပေးဖို့ Eleven Media Group ရဲ့ ဦးဆောင် ညွှန်ကြားရေးမှူး ဒေါက်တာသိန်းမြင့်က မြန်မာနိုင်ငံ သတင်းမီဒီယာကော င်စီကို ဒီကနေ့ နိုဝင်ဘာ ၁၂ရက်နေ့ နေ့စွဲနဲ့ မေတ္တာရပ်ခံစာ ပေးပို့ပါတယ်။

အခုလို ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ Eleven Media Group ကြားဖြစ်နေတဲ့ ပြသနာ ကို မြန်မာစာနယ်ဇင်း ကောင်စီအနေနဲ့ ကြားဝင် ညှိနှိုင်း ပေးနေတာနဲ့ ပတ်သက် ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ပြန်ကြားရေးတာဝန်ခံ ဦးမြင့်ကျော်က အခုလိုပြောပါတယ်။

“ ဒီအမှုကို ပြန်ရုပ်သိမ်းပေးပါလို့ စာပြန်ပို့ထားတယ်ပေါ့။ အတိုချုပ်ပြောရင်တော့ သတင်းမီဒီယာကောင်စီကို တိုင်ကြားသော်လည်း လုံလောက်တဲ့ အချိန်မရှိ ဘူးလို့ ပြောရမှာပဲ၊ ကောင်စီကို တိုင်တဲ့စာမှာ ၈ ရက်နေ့ လက်မှတ်ထိုးထားပေမယ့် မီဒီယာကောင်စီရုံးက တကယ် လက်ခံရရှိတာက ၉ ရက်နေ့နေ့လည်မှ။ အဲဒီ ၉ ရက်နေ့ နေ့လည်မှာ တာမွေရဲစခန်းမှာ အမှုက ဖွင့်ထားပြီးပြီပေါ့။ အမှုဖွင့်ထားတဲ့ ကိစ္စတခုကို ကျနော်တို့ ကြားဝင်ဆောင်ရွက်တာက ဖြစ်စဉ်တခုထဲပဲ ဘယ်လိုမှ အဓိပ္ပါယ်မရှိဘူး … အဓိပ္ပါယ်မရှိဘူး ဆိုတာထက် အကျိုးရလဒ် မထွက်ဘူး ပြော တာပါ။ အဲလိုဆိုတော့ ကျနော်တို့က ဒီအမှုကို ပြန်ရုပ်သိမ်းပေးပါလို့ စာပြန်ပို့တာပါ”

မဆုမွန်။ ။ အဲဒီတော့ ကိုမြင့်ကျော်အနေနဲ့ပေါ့ ဦးဖြိုးမင်းသိန်းတို့နဲ့ ဒီဒေါက်တာ သန်းထွဋ်အောင်တို့နဲ့ ဖြစ်တဲ့ကိစ္စ၊ နောက် အရပ်သား အစိုးရလက်ထက် မြန်မာ့ မီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ရော …။

“ ကျနော့်အမြင်မှာ လိုအပ်တာထက် ပိုပြီးတော့ အင်အားသုံး ကိုင်တွယ် အရေးယူ ေ ဆာင်ရွက်တာကတော့ အစိုးရအတွက်လည်း ပုံရိပ် မကောင်းနိုင်ဘူး၊ နောက်တခုက မီဒီယာဘက်အတွက်လည်း မကောင်းဘူးပေါ့ ”

အခုလို ကြားဝင်ညှိနှိုင်းပေးဖို့က အမှုရုပ်သိမ်းပေးမှ ဖြစ်နိုင်မှာမို့ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ ဒုဥက္ကဋ္ဌ(၁) ဦးအောင်လှထွန်း (အငြင်းပွားမှုနဲ့ တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေး ကော်မတီ)က ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို အမှုရုပ်ပေးပါရန် နိုဝင် ဘာလ ၁၀ ရက်နေ့ ရက်စွဲနဲ့ စာပေးပို့ ခဲ့ပါတယ်။

အများကရွေးချယ်လိုက်တဲ့ ဒီမိုကရေစီ အစိုးရလက်ထက်မှာတော့ သတင်းမီဒီယာ သမားတွေနဲ့ အရပ်သား အစိုးရတို့ကြား တင်းမာမှုတွေ၊ မီဒီယာအပေါ် နှိပ်ကွပ် ဖမ်းဆီးမှုတွေ ထပ်မမြင်ချင်တော့ဘူးလို့ သတင်းဖော်ပြမှုနဲ့ ထောင်ဒဏ် နှစ်ကြီး ကျခံခဲ့ရတဲ့ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းကလည်း ဗွီအိုအေကို အခုလိုပြောပါတယ်။

“ ဒီ ကိုဖြိုးမင်းသိန်းက အများကြီး သဘောထားကြီးသင့်တာပေါ့။ ဘာကြောင့်လဲ ဆိုတော့ သူ့ကို ရည်ညွှန်းပြီး ပြောထားတယ်ဆိုတာတောင် သူ့နာမည် ပါတာ မဟုတ်ဘူးလေ။ အဲဒီတော့ ကျနော်တို့ ဒီအရပ်သား အစိုးရမှာ အရင်ဦးသိန်းစိန် အစိုးရလက်ထက် ထက်တောင် ပိုဆိုးနေတဲ့ ဒီ ၆၆(ဃ)ကို အများကြီး ကျင့်သုံး လာတော့ ဒါ မလိုလားအပ်တဲ့ ပြသနာတွေ ရှိပြီးတော့၊ မီဒီယာသမားတွေရော ကျန်တဲ့သူတွေပါ အများကြီး အခက်အခဲ ဒုက္ခတွေဖြစ်နိုင်တယ်လို့ ကျနော်မြင်တယ်။ ဒီမိုကရေစီအစိုးရကို ဖေါ်ဆောင်နေတဲ့ အရပ်သားအစိုးရ အနေနဲ့ ဒီကိစ္စကို ဆက်လက် ကျင့်သုံးနေမယ်ဆိုရင် အရင် ဦးသိန်းစိန်အစိုးရ ထက်တောင် ပုံရိပ်တွေ အများကြီးကျသွားနိုင်တယ် ”

အရင်သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်တုန်းက နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်မှုနဲ့ ယူနတီဂျာနယ် အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက်လေးဦးကို တပ်မတော်က တရားစွဲဆိုခဲ့လို့ ထောင်ဒဏ် (၁၀)နှစ်စီ ချမှတ်ခဲ့ရတာဖြစ်ပါတယ်။

အခုလို အရပ်သားအစိုးရလက်ထက် အစိုးရထောက်ခံသူ၊ အစိုးရနဲ့ သဘောထား ကွဲလွဲသူ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ သတင်းမီဒီယာ နဲ့ တပ်မတော်ကြား၊ အစိုးရကြား အပြန်အလှန်ဆိုသလို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆို မှုတွေ လုပ်နေတာဟာ ဒီမိုကရေစီ အစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်ပြီး ဒီလို လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ဥပဒေအရ အရေးယူ ကန့်သတ်မှုလုပ်နေတဲ့ ၆၆ (ဃ)ကို ဖျက်သိမ်း သင့်တယ်လို့ မြန်မာနိုင်ငံရှေ့နေများ ကွန်ယက်က ရှေ့နေကြီး ဦးသိန်းသန်းဦးကလည်း ပြောပါတယ်။

“ ၆၆(ဃ)ဆိုတာ မင်းဆိုးမင်းညစ်က သူ့ကိုဆန့်ကျင်တဲ့ အတိုက်အခံတွေကို ဖိနှိပ်ဖို့ အတွက် ပြဌာန်းထားတဲ့ ဥပဒေဗျ။ ဒီဥပဒေကို လူထုအစိုးရက မကျင့်သုံး သင့်ဘူး။ ေ နာက် Freedom of Expression ပေါ့ဗျာ လူတွေ လွတ်လပ်စွာ ထုတ်ဖေါ်ပြောကြား ခွင့်ကို ကန့်သတ်ရာလဲကျတယ်။ ဒီ ၆၆(ဃ)ကို ၂၀၁၃မှာ ပြဌာန်းခဲ့တာဟာ အတိုက် အခံတွေကို ဖိနှိပ်ဖို့ ပြဌာန်းခဲ့တာ ဖြစ်တယ်။ ဒါအပိုပဲဗျ ဒီဥပဒေကြီးက ရှိဖို့လည်း မလိုအပ်ဘူး။ ရှင်းရှင်းပြောရရင် ရှေ့မှာရှိခဲ့တဲ့ အီလက်ထရွန်းနစ် ဆက်သွယ်ရေး ဥပဒေတို့ ၃၃(ဃ)တို့ ၆၆(ဃ)တို့ ဆိုတာ ဟိုအရင်ခေတ်က အတိုက်အခံတွေကို ဖိနှိပ်ချုပ်ချယ်ဖို့ ပြဌာန်းထားတဲ့ အာဏာရှင်ဥပဒေ ဖြစ်တဲ့အတွက် ဆက်မသုံးသင့် ဘူးဗျ ”

အခုလို Eleven Media Group ရဲ့ CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ အပတ်စဉ် ထုတ် Weekly Eleven ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုး တို့အား ဖမ်းဆီးတာ၊ တရားစွဲဆို တာတွေအတွက် အထူးစိုးရိမ် မိတယ်လို့ မြန်မာနိုင်ငံ နိုင်ငံခြားသတင်းေ ထာက်များအသင်း FCCM က သတင်း ထုတ်ပြန်သလို သူတို့နှစ်ဦးလုံးကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ကိုလည်း Amnesty International ခေါ် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ကြီးကမြန်မာအစိုးရကို တောင်းဆိုထားပါတယ်။ အခုလို သတင်းသမားနှစ်ဦးကို ဖမ်းဆီးတာဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရ လက်ထက် လွတ်လပ်စွာ ဖေါ်ထုတ်ခွင့်အပေါ် စိုးရိမ်မှုတွေ မြင့်တက်စေတယ်လို့ AI အဖွဲ့ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ် ဒေသဆိုင်ရာ ညွန်ကြားရေးမှူးကပြော ဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG