သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Heart စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Brazil's Neymar forms a heart with his hands as he leaves the pitch after the World Cup round of 16 soccer match between Brazil and Chile at the Mineirao Stadium in Belo Horizonte, Brazil, Saturday, June 28, 2014. Brazil won 3-2 on penalties after the mat
Brazil's Neymar forms a heart with his hands as he leaves the pitch after the World Cup round of 16 soccer match between Brazil and Chile at the Mineirao Stadium in Belo Horizonte, Brazil, Saturday, June 28, 2014. Brazil won 3-2 on penalties after the mat

ဒီတပတ် English American Style Idioms ကဏ္ဍမှာ အသည်းနှလုံး လို့ အဓိပ္ပါယ်ရတဲ့ (Heart) ကိုအခြေခံတဲ့ Idiom အသုံးအနှုန်းများဖြစ်တဲ့ A heartthrob, A heart to heart talk နဲ့ Wear your heart on your sleeve တို့ကို တင်ပြထားပါတယ်။

(၁) A heartthrob

A (တခု၊ တဦး)၊ heart (အသည်နှလုံး)၊ throb (ခုန်စေတာ) စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အသည်းနှလုံးကို ခုန်စေတဲ့ လူ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ ကိုယ့်ရင်ကို ခုန်စေတဲ့လူကို ရည်ညွှန်းသုံးနိုင်ပေမယ့် အများအားဖြင့်ကတော့ အမျိုးသမီးတွေ ကြိုက်နှစ်သက်တဲ့အသည်းစွဲဖြစ်ကြတဲ့၊ အရူးအမူး ဖြစ်ကြတဲ့ ယောကျ်ားပီပီသသချောတဲ့ နိုင်ငံတော်ရုပ်ရှင်မင်းသား၊ အဆိုတော်အစရှိတဲ့ အနုပညာသည်တွေ၊ အားကစားအကျော်အမော်တွေကို ရည်ညွှန်းပြောလေ့ရှိပါတယ်။ ဒီအသုံးအနှုန်း ရဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Many women say Hollywood star Brad Pitt is a heartthrob.

အမျိုးသမီးအတော်များများက ဟော်လီဝုဒ်မင်းသား Brad Pitt ဟာ သူတို့အသည်းစွဲ ဖြစ်တယ်လို့ ပြောကြတယ်။

(၂) A heart to heart talk

A (တခု)၊ heart (အသည်းနှလုံး)၊ to (သို့)၊ talk (စကားပြောတာ) ဆိုတော့ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က အသည်းနှလုံးအချင်းချင်းကြားစကားပြောတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က လူတဦးနဲ့တဦးကြား ပွင့်ပွင့်လင်းလင်း ရင်ထဲမှာရှိတာကို ပြောတာဖြစ်ပါတယ်။ ဒီ အီဒီယံကို အချစ်ရေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအတွက်သာ မဟုတ်ဘဲ၊ သာမန်ကိစ္စရပ်တွေမှာလည်း လူနှစ်ဦးကြား ပွင့်ပွင့်လင်းလင်း မထိန်မချန် အရှိကိုအရှိအတိုင်း ပြောရာမှာလည်း သုံးပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကိုလေ့လာကြည့်ရအောင်ပါ။

Mary and her mother had a heart to heart talk last night and tried to solve their problem.

Mary နဲ့ သူ့အမေတို့က သူတို့နှစ်ဦးကြား ရှိနေတဲ့ ပြဿနာတွေကို ကြိုးစားဖြေရှင်းဖို့ မနေ့ညက ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ဆွေးနွေးခဲ့ကြတယ်။

(၃) Wear your heart on your sleeve

Wear (ဝတ်တာ)၊ your heart (သင့်ရဲ့အသည်းနှလုံး)၊ on (အပေါ်မှာ)၊ your sleeve (သင့်ရဲ့အင်္ကျ ီလက်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကိုယ့်အသည်းကို ကိုယ့်ရဲ့အင်္ကျီလက်ပေါ်မှာ ဝတ်ထားတာ ဖြစ်ပါတယ်။ အသည်းနှလုံးဆိုတာ ရင်ထဲမှာ၊ စိတ်ထဲမှာ ခံစားရတာကို တင်စားပြောတာ ဖြစ်တဲ့အတွက် အီဒီယံသွယ်ဝိုက်အဓိပ္ပါယ် လူတဦးအနေနဲ့ ကိုယ့်ခံစားချက်က ဘယ်လိုရှိသလဲဆိုတာကို ကိုယ့်ဘေးမှာရှိနေသူတွေကို သိသာစေအောင် အမူအရာနဲ့ပြတာ၊ တနည်းတော့ လူတဦးကို ကြည့်လိုက်တာနဲ့ အဲဒီလူဘယ်လို ခံစားနေရတယ်ဆိုတာကိုဘေးလူတွေအနေနဲ့သိကြတဲ့ အနေအထားမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းတော့ ကိုယ်ခံစားချက်ကိုဖုံးမထားနိုင်တာမျိုးဖြစ်ပါတယ်။ ဒီအသုံးကို အများအားဖြင့် အချစ်ရေးမှာ နောက်ပိုးကျတဲ့ လူတဦးအနေနဲ့ သူသိပ်သဘောကျသူ ဘယ်သူဖြစ်တယ်ဆိုတာကို သူ့ကိုမြင်လိုက်တာနဲ့ လူတွေက သိနေတာ၊ အရူးအမူးဖြစ်နေလို့ သူ့ခံစားချက်တွေကို ဘေးလူတွေက သိနိုင်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကိုအချစ်ရေးမှာသာမက နေ့စဉ်ဘဝမှာလဲ တခြားကိစ္စတွေနဲ့ ပတ်သက်လို့လဲလူတဦးရဲ့ ဟန်အမူအရာ၊ ခံစားမှုတွေကိုဘေးလူတွေက ကြည့်လိုက်တာနဲ့ သိနိုင်တဲ့အခြေအနေမှာလဲရည်ညွှန်းသုံးနိုင်ပါတယ်။ ဝမ်းသာဝမ်းနည်းဖြစ်ရတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဣန္ဒြေမဆယ်နိုင်ဘဲ၊ ကိုယ်အမူအရာနဲ့ ပြသတဲ့လူတွေလည်းရှိတာ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပဲ အတွင်းစိတ်ကို အလွယ်တကူနဲ့ သိနိုင်တဲ့လူမျိုးလို့လည်း ဆိုရမှာပါ။ ဒီလိုအခြေအနေမျိုးမှာ Wear your heart on your sleeve လို့ သုံးနှုန်းနိုင်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Joe wears his heart on his sleeve. All his friends know he is in love with Jane.

Joe က သူ့ရင်ထဲ ခံစားနေရတာကိုဖုံးမထားနိုင်ဘူး၊ သူက Jane အပေါ်မေတ္တာရှိနေတယ်ဆိုတာကို သူ့သူငယ်ချင်းအားလုံးသိကြတယ်။

ဒီသတင်းပတ်တင်ပြခဲ့တဲ့ အီဒီယံအသုံးတွေက A heartthrob, A heart to heart talk နဲ့ Wear your heart on your sleeve တို့ဖြစ်ကြပါတယ်။

XS
SM
MD
LG