သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်နှုတ်ထွက်မှု ညှိနှိုင်းရေး လမ်းညွှန်ချက် အီးယူ သဘောတူ


ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk.
ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk.

Brexit လို့ခေါ်တဲ့ ဗြိတိန်နိုင်ငံ အီးယူထဲက နှုတ်ထွက်ရေး ဆွေးနွေးမှုအတွက် လမ်းညွန်ချက်တွေ လက်ခံဖို့ ဥရောပသမဂ္ဂက တညီတညွတ်ထဲ သဘောတူပေးလိုက်ပြီ ဖြစ်ကြောင်း အီးယူ ထိပ်သီးညီလာခံ ဥက္ကဋ္ဌက စနေနေ့မှာ ပြောပါတယ်။

ဗြိတိန်နိုင်ငံ အီးယူထဲကနေ နိုင်ငံရေးအရ တည်ကျပြီး တရားမျှတဲ့ ဆွေးနွေးမှုတွေ စတင်ရေးအတွက် အဖွဲ့ဝင် ၂၇ နိုင်ငံက လုပ်ပိုင်ခွင့် ပေးလိုက်ပြီဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် Theresa May မပါဝင်ဘဲ Brussels မြို့မှာ အီးယူခေါင်းဆောင်တွေ ကျင်းပတဲ့ ထိပ်သီး စည်းဝေးပွဲကနေ ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk က Twitter လူမှုကွန်ယက်ကတဆင့် ပြောကြားလိုက်တာပါ။

ဒီ လမ်းညွန်ချက်ကို ၁၅ မိနစ်အတွင်း အီးယူခေါင်းဆောင် ၂၇ ဦးက အတည် ပြုပေးလိုက် တာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံနဲ့ ဆွေးနွေးမှုတွေကိုတော့ ဗြိတိန်မှာ ဂျွန်လ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲအပြီး မကြာခင်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဆွေးနွေးမှုတွေအတွင်း - ဗြိတိန်နိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ အီးယူ အဖွဲ့ဝင် နိုင်ငံသားတွေနဲ့ မိသားစုဝင်တွေရဲ့ လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ဗြိတိန်က အီးယူအပေါ် တင်နေတဲ့ ကြွေးမြီကိစ္စတွေ ပါဝင်မှာ ဖြစ်ပါတယ်။ အီးယူ အဖွဲ့ထဲက နှုတ်ထွက်တဲ့အတွက် ငွေကြေး ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံ ဝန်းကျင်ရှိတဲ့ ဗြိတိန်က တာဝန်ယူရမယ့် ဘဏ္ဍာရေး ငွေကြေးတွေ ကို ပေးဆပ်ရမှာ ဖြစ်ပါတယ်။

ဒီကြွေးမြီကိစ္စဟာ အီးယူနဲ့ ဗြိတိန်အကြား အကြိတ်အနယ် ဆွေးနွေးရမယ့် အကြောင်းအရာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG