သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ရွေးကောက်ပွဲ မဲအများစု နိုင်သူမရှိ


ပြင်သစ်ရွေးကောက်ပွဲ မဲရေတွက်နေစဉ်
ပြင်သစ်ရွေးကောက်ပွဲ မဲရေတွက်နေစဉ်

ပြင်သစ်နိုင်ငံမှာ တနင်္ဂနွေနေ့ကကျင်းပတဲ့ ပထမတကြော့ သမ္မတရွေးကောက်ပွဲ နောက်ဆုံး မဲရလဒ်တွေအရ အလယ်အလတ်ဝါဒီ Emmanuel Macron နဲ့ နိုင်ငံတွင်း ရွှေ့ပြောင်း ဝင်ရောက်သူတွေကို ဆန့်ကျင်တဲ့ အမျိုးသားရေးဝါဒီ Marine Le Pen တို့ နှစ်ဦးစလုံး တယောက်မှ မဲအပြတ်အသတ် အနိုင်ရခြင်း မရှိတာကြောင့် လာမယ့် သီတင်းနှစ်ပတ်မှာ တကြော့ပြန် ရွေးကောက်ပွဲ ကျင်းပရမှာဖြစ်ပါတယ်။

ဒါဟာ ပြင်သစ်မှာ ကြီးမားတဲ့ နိုင်ငံရေး လှုပ်ခတ်မှုကြီးတခု ဖြစ်တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ပြောဆိုကြပါတယ်။ တနှစ်အတွင်း ပြင်သစ် နိုင်ငံရေးတစုံလုံး ပြောင်းလဲသွားခဲ့ပြီလို့ မစ္စတာ Macron က တနင်္ဂနွေနေ့ညက အောင်ပွဲခံစုဝေးမှုအတွင်း ပြောသွားခဲ့သလို၊ ပြိုင်ဘက် ဖြစ်တဲ့ Marine Le Pen ကလည်း ပြင်သစ်လူမျိုးတွေ လွတ်မြောက်ဖို့ အချိန်တန်ပြီလို့ ဆိုပြီး သူ့အပေါ် ထောက်ခံသူတွေကို ပြောဆိုသွားပါတယ်။

ခေတ်သစ် ပြင်သစ်နိုင်ငံသမိုင်းမှာတော့ အစဉ်အလာ နိုင်ငံရေးပါတီတခုက မဟုတ်တဲ့သူ တဦး သမ္မတနေရာ ဝင်အရွေးခံတာ ဒါ ပထမဆုံးအကြိမ်ဖြစ်ပြီး နိုင်ငံရေးအရ အစဉ်အလာကို ဆန့်ကျင်စိတ်ရှိတဲ့သူတွေ များပြားလာတာကို မီးမှောင်းထိုးပြ နေပါတယ်။ ပြင်သစ်နိုင်ငံအနေနဲ့ ဥရောပသမဂ္ဂ အီးယူ အဖွဲ့ဝင် နိုင်ငံတခုအဖြစ် ဆက်နေမလား။ ဒါမှမဟုတ် အီးယူထဲက ဗြိတိန် ခွဲထွက် ခဲ့သလို၊ အမေရိကန်ပြည်ထောင်စုမှာ Donald Trump သမ္မတဖြစ်လာသလိုမျိုး - သီးခြား ကွဲထွက်နေတဲ့ လမ်းကြောင်းကနေ လျှောက်မှာလား ဆိုတာဟာ နောက်ဆုံး ဒီရွေးကောက်ပွဲ ရလဒ်အပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။

တရားဝင် မဲရလဒ်တွေအရ မစ္စတာ Macron က မဲစုစုပေါင်းရဲ့ ၂၃.၈ ရာခိုင်နှုန်း အနိုင်ရခဲ့ပြီး Marine Le Pen က ၂၁.၅ ရာခိုင်နှုန်း အနိုင်ရထားပါတယ်။ မဲပေးခွင့်ရှိသူ နိုင်ငံသား တွေထဲက ၇၉ ရာခိုင်နှုန်း မဲပေးခဲ့ကြတာပါ။ မဲအများစုကို အပြတ်အသတ်အနိုင်ရသူသာ သမ္မတ အရွေးခံရမှာဖြစ်ပြီး ဒါကိုတော့ မေလ ၇ ရက်နေ့ ရွေးကောက်ပွဲက အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG