သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ရွေးကောက်ပွဲ အလားအလာ


ပြင်သစ်သမ္မတရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ ဧပြီလ ၂၀ ရက်နေ့က စကားစစ်ထိုးနေကြစဉ်။
ပြင်သစ်သမ္မတရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ ဧပြီလ ၂၀ ရက်နေ့က စကားစစ်ထိုးနေကြစဉ်။

ပြင်သစ်သမ္မတ ရွေးကောက်ပွဲအတွက် ဝေးလံခေါင်ဖျားတဲ့ ပြင်သစ်ပိုင် နယ်မြေတွေမှာ မဲရုံတွေကို စနေနေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နေကြတဲ့ သမ္မတ ကိုယ်စားလှယ်လောင်း ၁၁ ဦးကလည်း မကြာသေးခင် ရက်ပိုင်းအတွင်းက ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် မဲဆွယ် စည်းရုံးမှုတွေကို မလုပ်ကြဖို့ ပိတ်ပင် တားမြစ်ချက်ကို လိုက်နာခဲ့ကြပါတယ်။

အတ္တလန္တိတ် သမုဒ်ယာအတွင်းမှာရှိတဲ့ ပြင်သစ်ပိုင် နယ်မြေတွေဖြစ်တဲ့ Saint Pierre ၊ Miquelon တို့အပြင် French Guiana နဲ့ တောင်အမေရိကတိုက် အတွင်းက Caribbean ကျွန်းမှာရှိတဲ့ Guadeloupe စတဲ့ဒေသတွေမှာ မဲရုံတွေကို စနေနေ့က ဖွင့်ခဲ့တာပါ။

ပြင်သစ်နိုင်ငံ ပြည်မကြီးမှာတော့ ဒီကနေ့ တနင်္ဂနွေနေ့မှာ မဲတွေ စပေးကြမှာဖြစ်ပြီး မဲရုံပေါင်း ၇ သောင်းအတွက် ရဲတပ်ဖွဲ့ဝင် ၅ သောင်းကို ချထားမှာ ဖြစ်တဲ့အပြင် နောက်ထပ် စစ်သား ၇ ထောင်ကိုလည်း ကင်းလှည့်ခိုင်းထားပါတယ်။

အခုသီတင်းပတ်ကုန်ပိုင်းမှာ ပြုလုပ်တဲ့ ဒီ ပထမအကြော့ ရွေးကောက်ပွဲဟာ မျိုးဆက် အတော်များများအတွင်း အရေးအပါဆုံး ရွေးကောက်ပွဲအဖြစ် ရှုမြင်နေကြပြီး တိုင်းပြည်အတွင်း အလုပ်လက်မဲ ၁၀% ရှိနေတဲ့အပြင် တိုးတက်မှုမရှိတဲ့ စီးပွားရေး အခြေအနေတွေဟာ မဲဆန္ဒရှင်တွေအတွက် စိုးရိမ်မှုဖြစ်စေတဲ့ အကြောင်း အရာတွေ ဖြစ်ပါတယ်။

လူထုစစ်တမ်းတွေအရကတော့ - မေလမှာ ပြုလုပ်မယ့် နောက်ဆုံးအဆင့် ပြုလုပ်မယ့် သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရပြီး တိုင်းပြည်ခေါင်းဆောင် ဖြစ်လာရေးအတွက် ကြိုပမ်းနေကြသူ ကိုယ်စားလှယ်လောင်းတွေထဲ ထိပ်ကနေ ၄ ဦးက ဦးဆောင်နေကြောင်း ပြသနေပါတယ်။ ဒါပေမယ့် အခုချိန်ထိ ဘယ်သူ့ကို မဲပေးမယ်ဆိုတာ မဆုံးဖြတ်ရသေးတဲ့ မဲပေးခွင့်ရှိသူ ၃ ဦးမှာ တဦးကနေ အဆုံးအဖြတ် ပေးလိမ့်မယ်လို့လည်း စစ်တမ်းတွေမှာ ဖော်ပြနေပါတယ်။

နောက်ဆုံး ကောက်ယူထားတဲ့ လူထု စစ်တမ်းတွေအရ လက်ညာစွန်း အမျိုးသားရေးဝါဒီ Marine Le Pen နဲ့ အလယ်အလတ်ဝါဒီ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း လည်းဖြစ်၊ အရင် စီးပွားရေး ဝန်ကြီးဟောင်းလည်းဖြစ်တဲ့ Emmanuel Macron တို့ ၂ ဦးက ဦးဆောင်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဝန်ကြီးဟောင်းလည်းဖြစ်၊ ကွန်ဆာဗေးတစ် ကိုယ်စားလှယ်လောင်းလည်း ဖြစ်တဲ့ Francois Fillon ကလည်း နောက်ကနေ ကပ်လိုက်လာနေတယ်လို့ ဆိုပါတယ်။ Fillon ဟာ ဘာအလုပ်မှ မလုပ်တဲ့ ဇနီးဖြစ်သူကို အလုပ်ပြပြီး လစာ ပေးထားခဲ့တယ် ဆိုတဲ့ အကျင့်ပျက် ခြစားမှုဆိုင်ရာ စွပ်စွဲ ချက်တွေကြောင့် လမ်းချော် သွားခဲ့ရာက အခုလို အခြေအနေ ပြန်ကောင်း လာနေတာ ဖြစ်ပါတယ်။ လက်ဝဲစွန်း ကိုယ်စားလှယ်လောင်း Jean-Luc Melenchon ဟာလည်း တဖြည်းဖြည်း အနောက်ကနေ ကပ်လိုက်လာနေတယ်လို့ ဆိုပါတယ်။

ပြင်သစ်ရွေးကောက်ပွဲ အလားအလာ
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG