သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုစတင်


ပြင်သစ်သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုစတင်
ပြင်သစ်သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုစတင်

ပြင်သစ် အမျိုးသားရေးဝါဒီတဦးဖြစ်တဲ့ Marine Le Pen က ကမ္ဘာလုံး ဆိုင်ရာ ဖြန့်ကျက်မှုတွေကို ဆန့်ကျင်ပြီး ပြင်သစ်နိုင်ငံသာ ပထမ ဦးစားပေးဖြစ်ရ မယ်လို့ ကြွေးကြော်ပြီး လာမယ့် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ စတင်တဲ့ တနင်္ဂနွေနေ့မှာပဲ ကတိပြု ပြောဆိုလိုက်ပါတယ်။

"ကျမတို့ နားလည်ထားတဲ့ အစီအစဉ်ဟာ ကျမတို့ရဲ့ ကြီးမားတဲ့ခွန်းအား၊ သဟဇာတ ရှိနေတဲ့ ခွန်အားအပေါ်မှာ အခြေခံတဲ့ အစီအစဉ်တခုပါ။ ကျမတို့အနေနဲ့ ဘယ်သူ့ကိုမှ အောက်ကျို့စရာ၊ ကြည့်စရာ၊ ကျေးဇူးတင်စရာ မလိုပါဘူး။ ဘယ်နိုင်ငံခြား တိုင်းပြည်၊ စီးပွားရေး အင်အားကြီးသူတွေကိုမှ မျက်နှာချိုသွေးနေစရာလည်း မလိုဘူး။” လို့ မစ္စစ် Le Pen က ပြောသွားပါတယ်။

Le Pen ဟာ အမျိုးသားရေးတပ်ဦးပါတီမှာ နှစ်အတော်ကြာ ရှေ့တန်းကနေ ရပ်တည်ပြောဆိုလာခဲ့တဲ့ ခေါင်းဆောင်တယောက်ဖြစ်သလို ပြင်သစ်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုပြီး ကြုံလာရတာနဲ့အမျှ လူထုထောက်ခံမှု ဆက် ရလာနေတဲ့သူယောက် ဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေက အမျိုးသားရေးဝါဒီတွေနဲ့ အများကြိုက် မူဝါဒတွေဘက် ပြောင်းလဲ ထောက်ခံလာကြတာကြောင့်ပါ။

Le Pen ဟာ သိပ်မကြာခင် လတွေကပဲ အများပြည်သူသွားလာတဲ့ နေရာတွေမှာ မူဆလင်တွေ ခေါင်းမြီးခြုံတာကိုရော၊ ဂျူးတွေ ခေါင်းဆောင်းဦးထုပ် ဝတ်တာကိုပါ ကန့်ကွက်ဖို့ တိုက်တွန်းထားသူ ဖြစ်ပါတယ်။

စီးပွားရေးအကြောင်းပြချက်နဲ့ တခြားနိုင်ငံတွေကနေ ပြင်သစ်နိုင်ငံထဲ ရွှေ့ပြောင်း ဝင်ရောက်လာသူတွေကို ဆန့်ကျင်သူလည်း ဖြစ်ပါ တယ်။ ရွှေ့ပြောင်းနေထိုင် သူတွေဟာ အစိုးရ ထောက်ပံ့ကြေး စားပြီး ပြည်သူတွေရဲ့ အခွန်ငွေတွေကို သူတို့ကပဲ သုံးစွဲနေတယ်ဆိုတဲ့ အမေရိကန်သမ္မတ Donald Trump ပြောဆိုနေတဲ့ လေသံမျိုးနဲ့ အလားတူ မစ္စစ် Le Pen က ပြောဆိုနေ တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG