သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါရီ Louvre ပြတိုက်မှာ အကြမ်းဖက်တိုက်ခိုက်


ပါရီ Louvre ပြတိုက်မှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ် (ဖေဖော်ဝါရီ ၃-၂၀၁၇)
ပါရီ Louvre ပြတိုက်မှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ် (ဖေဖော်ဝါရီ ၃-၂၀၁၇)

ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ဓါးရှည်တွေ ကိုင်ဆောင်ထားသူ တယောက်က Louvre ပြတိုက်ထဲကို ဝင်ဖို့ကြိုးစားစဉ် ပြင်သစ် စစ်သားတယောက်က ပစ်ခတ်ခဲ့တဲ့ အတွက် ဒဏ်ရာရ သွားပါတယ်။ သောကြာနေ့ မနက် ၉ နာရီလောက် မှာ ကျောပိုးအိတ် ၁ လုံး လွယ်ထားပြီး လက် ၂ ဖက်လုံးမှာ ဓါးရှည်တွေ ကိုင်ထားသူ တယောက်က ပြတိုက်ဆိုင်ခန်းတွေ ရှိရာနားက စက်လှေကားကနေ ဆင်းလာစဉ် ကင်းလှည့် စစ်သား ၄ ယောက်က မြင်တဲ့အခါ အလာရှင်မြတ်ဟာ ကြီးမြတ်တယ်လို့ အဓိပ္ပါယ်ရတဲ့ အရဘီ လို “Allahu akbar” လို့အော်ဟစ်ကာ စစ်သားတွေဆီ ပြေးလာ တိုက်ခိုက်ခဲ့တယ်လို့ ပြင်သစ်အစိုးရရှေ့နေ့ Francois Molins ကပြောပါတယ်။

Louvre တိုက်ခိုက်မှု
Louvre တိုက်ခိုက်မှု

တိုက်ခိုက်မှုအတွင်း စစ်သား ၂ ယောက် ဒဏ်ရာရခဲ့ပြီး တိုက်ခိုက်သူကို ပြန်လည် ပစ်ခတ်ခဲ့တဲ့အတွက် အဲဒီသူ ဒဏ်ရာပြင်းပြင်းထန်ထန်ရ သွားတယ်လို့ Mr. Molins ကသောကြာနေ့ညက သတင်းစာရှင်းပွဲမှာ ရှင်းပြခဲ့ပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုဟုတ် မဟုတ်ဆိုတာကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း သူကပြောပါတယ်။

Louvre ပြတိုက်မှာ ပိရမစ်ပုံဖန်နဲ့လုပ်ထားတဲ့ အမိုးအောက်နေရာမှာ စာအုပ်ဆိုင်နဲ့ အမှတ်တရ ပစ္စည်းအရောင်းဆိုင်တွေရှိပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း လူပေါင်း ရာနဲ့ချီသေဆုံးခဲ့တဲ့ တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ပြင်သစ်နိုင်ငံမှာ အရေးပေါ် အခြေအနေထုတ်ပြန်ထားဆဲဖြစ်ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နိုင်ငံခြားခရီးသည်တွေလာရောက်မှု ကျဆင်းသွားခဲ့လို့ Paris မြို့က အထင်ကရ Louvre ပြတိုက်ဆီလာသူအရေအတွက် တဖြည်းဖြည်း ပြန်လည်များလာနေချိန်မှာ ခုလိုတိုက်ခိုက်ဖို့ကြိုးစားမှုဖြစ်ခဲ့တာပါ။ ဒီအဖြစ်ဖြစ်ခဲ့ပြီး ပြတိုက်ကို ယာယီပိတ်ထားဆဲဖြစ်ပါတယ်။ Louvre ကမ္ဘာကျော် Mona Lisa ပန်းချီကားအပါအဝင် တန်းဖိုးမဖြစ်နိုင်တဲ့ အနုပညာလက်ရာတွေပြသ ထားတဲ့ ပြတိုက်ဖြစ်ပါတယ်။

ပြင်သစ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ၃ လတောင် မလိုတော့ချိန်မှာ လုံခြုံရေးနဲ့ အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ်ဟာ မဲဆန္ဒရှင်တွေရဲ့ အဓိကစိုးရိမ်မှုဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG