သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးလှုပ်ရှားသူတွေ ကမ္ဘာမှာ ဖိနှိပ်ခံနေရ


ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံရတဲ့ ရုရှား အတိုက်အခံ ခေါင်းဆောင် Alexei Navalny ကို မော်စကိုက တရားရုံးမှာ ရုံးထုတ်စဉ်။ မတ်လ ၃၀ ၂၀၁၇။
ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံရတဲ့ ရုရှား အတိုက်အခံ ခေါင်းဆောင် Alexei Navalny ကို မော်စကိုက တရားရုံးမှာ ရုံးထုတ်စဉ်။ မတ်လ ၃၀ ၂၀၁၇။

ကမ္ဘာတဝှမ်းက လူမှုအသင်းအဖွဲ့တွေရဲ့ရပ်တည်မှု အခန်းကဏ္ဍတွေ ကျဉ်းမြောင်းလာနေပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေလည်း ခြိမ်းခြောက်ခံနေရတယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ထုတ်ပြန်တဲ့ အစီရင်ခံစာအသစ် တခုထဲမှာ ဖော်ပြထားပါတယ်။

လူမှုအသိုင်းအဝိုင်း ခေါင်းဆောင်တွေ၊ ရှေ့နေတွေ၊ သတင်းထောက်တွေနဲ့ တခြားလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေဟာ မကြုံစဖူး ဖိနှိပ် ခြိမ်းခြောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ခံနေရကြောင်း AI အဖွဲ့က သတိပေးလိုက်သလို အမှန်တရားအတွက် သတ္တိရှိရှိ ရပ်တည်ကြတဲ့ လူတဦးချင်းစီအပေါ် ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့အတွက် တောင်းဆိုတဲ့ ကမ္ဘာတဝှမ်း လှုပ်ရှားမှုအသစ်တခုကိုလည်း AI အဖွဲ့က အင်္ဂါနေ့မှာ စတင်လိုက်ပါတယ်။

ရုရှားသမ္မတ Vladimir Putin၊ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ အီဂျစ်သမ္မတ Abdel Fattah el-Sisi တို့အပါအဝင် ကမ္ဘာတလွှားက ခေါင်းဆောင်းတွေရဲ့ဖိနှိမ်မှုတိုးလာတဲ့အတွက် လွတ်လပ်မျှတပြီး တန်းတူညီမျှမှုရှိတဲ့ လူမှုအဖွဲ့အစည်း အတွက် လိုအပ်တဲ့ အခြေခံအုတ်မြစ်တွေ ယိုင်နဲ့ လာနေတယ်လို့ AI အဖွဲ့ရဲ့အတွင်းရေးမှူးချုပ် Saslil Shetty က အစီရင်ခံစာထဲမှာ ပြောဆိုထားပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူတွေ ရသင့်တဲ့ ဆန္ဒပြခွင့်ကို ပိတ်ပင်ခြင်း၊ ထောက်လှမ်း စောင့်ကြည့်နေခြင်း၊ သူတို့နဲ့ သူတို့ရဲ့လူမှုအသိုင်းအဝိုင်းတွေကို ပစ်မှတ်ထား စော်ကားမှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုတွေလုပ်နေပြီး အခွင့်အရေးအတွက် ရပ်တည်တိုက်ပွဲဝင်ပေးကြတဲ့ သူတွေဘက် လှုပ်ရှားမှုတွေ မလုပ်နိုင်အောင် အစိုးရတွေက ကြိုးစားနေကြတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ကန့်ကွက်ရာမှာ ပါဝင်ကြတဲ့ ဒေါ်မာချိုနဲ့ ဒေါ်စန္ဒာတို့ စလင်းကြီးမြို့နယ်တရားရုံးမှာ တရားစွဲဆိုခံထားရကြောင်း၊ တရားရုံးကသာ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ချခဲ့မယ်ဆိုရင် သူတို့တွေဟာ ထောင်ဒဏ် ၄ နှစ်အထိ ကျခံရနိုင်ကြောင်း AI အဖွဲ့ရဲ့ အစီရင်ခံစာသစ်ထဲမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG