သုံးရလွယ်ကူစေသည့် Link များ

အိန္ဒိယ ရူပီးငွေတချို့ ဖျက်သိမ်းခြင်းနှင့် မြန်မာနိုင်ငံ အတွေ့အကြုံ


တရားမ၀င်ကြောင်း ကြေညာလိုက်သည့် ရူပီးငွေတွေနှင့် အိန္ဒိယ ၀န်ကြီးချုပ် Narendra Modi

အိန္ဒိယနိုင်ငံက ရူးပီးငွေ ၅၀၀ နဲ့ ၁၀၀၀ တန်တွေကို တရားဝင် ဖျက်သိမ်းလိုက်ကြောင်း ၀န်ကြီးချုပ် Narendra Modi က နိုဝင်ဘာလ ၈ ရက်နေ့မှာ ကြေညာလိုက်ပြီးတဲ့ အတွက် တိုင်းပြည်ရဲ့ ငွေလှဲနှုန်း တန်ဖိုးတွေ ကျသွားသလို ပြည်သူတွေအကြား မကျေနပ်မှုတွေလည်း တနေ့တခြား ကြီးထွားလာနေပါတယ်။ မြန်မာနိုင်ငံမှာလည်း အလားတူ ငွေစက္ကူတွေ ဖျက်သိမ်းကြောင်း ၁၉၈၇ ခုနှစ်က အစိုးရက ကြေညာလိုက်တဲ့ အတွက် အခြေခံ စားသူတွေအကြားမှာ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်ခဲ့ရာက အဆုံးသတ်မှာတော့ အစိုးရတခုလုံး ပြုတ်ကျရတဲ့အထိ ဖြစ်ခဲ့တယ်လို့ စီးပွားရေး တက္ကသိုလ် ဒုပါချုပ်ဟောင်း ဦးကျော်မင်းထွန်းက ပြောပါတယ်။ ဒီအကြောင်း အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

XS
SM
MD
LG