သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် ငါးဖမ်းလှေ ၈၁ စင်း အင်ဒိုနီးရှားဖ ျက်ဆီး


အင်ဒိုနီးရှားပင်လယ်ပြင်မှာ ငါးခိုးဖမ်းတဲ့ စက်လှေတွေကို အင်ဒိုနီးရှားရေတပ်က ဖ ျက်ဆီးနေ
အင်ဒိုနီးရှားပင်လယ်ပြင်မှာ ငါးခိုးဖမ်းတဲ့ စက်လှေတွေကို အင်ဒိုနီးရှားရေတပ်က ဖ ျက်ဆီးနေ

အင်ဒိုနီးရှားရေပိုင်နက်ထဲ ခိုးဝင်ပြီး ငါးဖမ်းကြတဲ့ ငါးဖမ်းစက်လှေအနည်းဆုံး ၈၁ စင်းကို အင်ဒိုနီးရှားအာဏာပိုင်တွေက စနေနေ့မှာဖေါက်ခွဲ နှစ်မြုပ်လိုက် ပါတယ်။ Joko Widodo သမ္မတ ဖြစ်လာပြီးနောက်ပိုင်း ၂၀၁၄ ခုနှစ်ကစလို့ ဖမ်းမိ ဖျက်ဆီးပစ်ခဲ့တဲ့ နိုင်ငံခြား ငါးဖမ်းစက်လှေပေါင်း ၃၁၇ စင်း ရှိပါတယ်။ ပိုင်နက်ကျူးကျော် ငါးခိုးဖမ်းသူတွေပေါ် ပြန်းထန်တဲ့ အရေးယူ ဆောင်ရွက်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလိုဖျက်ဆီးခံရတဲ့ ငါးဖမ်းစက်လှေတွေထဲမှာ ဗီယက်နမ်ငါးဖမ်းလှေ ၁၄၂ စင်း၊ ဖိလစ်ပိုင်က ၇၆ စင်း၊ မလေးရှားက ၄၉ စင်းနဲ့ တရုတ်ငါးဖမ်းစက်လှေ ၁ စင်းလဲပါဝင်ပါတယ်။ အဲဒီ ငါးဖမ်းလှေတွေကို အင်ဒိုနီးရှား ပင်လယ်ပြင်အထူးတပ်ဖွဲ့ Satgas 115 က ဖမ်းဆီးခဲ့တာပါ။

ငါးဖမ်းစက်လှေ ဖေါက်ခွဲနှစ်မြုပ်တာကိုတော့ နေရာ ၁၂ နေရာခွဲပြီး အင်ဒိုနီးရှားစစ်တပ်နဲ့ ရဲက တပြိုင်နက်ထဲလုပ်ခဲ့တာပါ။ ဒီလုပ်ဆောင်ချက်ဟာ တရားမဝင် ငါးခိုးဖမ်းမှု နှိမ်နင်းရေး စစ်ဆင်မှုအတွက် အောင်ပွဲဖြစ်တယ်လို့ ပင်လယ်ပြင်နဲ့ ငါးလုပ်ငန်းရေးရာဝန်ကြီး မစ္စ Pudjiastuti ကပြောပါတယ်။

အင်ဒိုနီးရှားပင်လယ်ပြင်ထဲ ငါးခိုးဖမ်းမှုကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ကျော် ဆုံးရှုံးနေရတယ်လို့ အင်ဒိုနီးရှားသမ္မတ Joko Widodo က ပြီးခဲ့တဲ့နှစ်မှာ ပြော ဆိုခဲ့ပါတယ်။ အခုလို ငါးခိုးဖမ်းမှု ကာကွယ်ရေးအတွက် အင်ဒိုနီးရှားရေပိုင်နက်ထဲ လုံခြုံရေးတိုးမြှင့်မှုကြောင့် တရုတ်က သူပိုင်ပါတယ်လို့ ကြေညာထားတဲ့ တောင်တရုတ် ပင်လယ်ပြင် အရေးအတွက် တင်းမာမှုတွေ ပိုတိုးစေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG