သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS တွေ ငွေကြေးအခက်ကြုံ


အီရတ်တပ်ဖွဲ့တွေနဲ့ အစ္စလာမ္မစ် အစွန်းရောက် IS တို့ရဲ့ အီရတ်နိုင်ငံ မိုဆူးလ်းမြို့က တိုက်ပွဲ။ မေလ ၁၆ ရက် ၂၀၁၇။
အီရတ်တပ်ဖွဲ့တွေနဲ့ အစ္စလာမ္မစ် အစွန်းရောက် IS တို့ရဲ့ အီရတ်နိုင်ငံ မိုဆူးလ်းမြို့က တိုက်ပွဲ။ မေလ ၁၆ ရက် ၂၀၁၇။

ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေ အတွင်းက သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ တဖြည်းဖြည်း လက်လွတ် ဆုံးရှုံးလာနေတာကြောင့် ရံပုံငွေ ရှားပါးမှုနဲ့ ရင်ဆိုင်နေရတဲ့ IS အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ဟာ ရရာပစ္စည်းတွေကို ထုတ်ရောင်းနေကြတယ်လို့ အီရတ် အစိုးရ ရှေ့နေတွေက ပြောပါတယ်။

သူတို့ရဲ့စစ်ဆင်ရေးတွေ ဆက်လက် လုပ်ဆောင်နိုင်ရေးအတွက် အမြတ်အစွန်း အမြန်ရနိုင်မယ့် ပစ္စည်းတွေကို အီရတ် ဈေးတွေထဲမှာ ရောင်းချနေကြတဲ့ အကြောင်း ဖမ်းမိထားတဲ့ IS အဖွဲ့ဝင်တွေက ထွက်ဆိုခဲ့တယ်လို့ အဆင့်မြင့် အီရတ် တရားစီရင်ရေး အဖွဲ့က ရှေ့နေတွေက ပြောပါတယ်။

နယ်မြေတွေ မဆုံးရှုံးခင်တုန်းကတော့ ရေနံနဲ့ ဓာတ်ငွေ့တွေကို မှောင်ခိုဈေးမှာ ရောင်းချပြီး သန်းပေါင်းများစွာသော အမေရိကန် ဒေါ်လာတွေ IS အဖွဲ့ ရရှိခဲ့သလို သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေအတွင်း တင်းကြပ်တဲ့ အခွန်ကောက်ခံမှုတွေက တဆင့်လည်း သူတို့အတွက် ဘဏ္ဍာငွေတွေ ရရှိခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့တွေက IS အဖွဲ့ရဲ့ ရေနံတင်ကားတွေနဲ့ ရေနံသိုလှောင်ရုံတွေကို လေကြောင်းက တိုက်ခိုက်ခဲ့တဲ့ အတွက် ၂၀၁၅ ခုနှစ်တုန်းက ရေနံကနေ ရရှိတဲ့ ဝင်ငွေ တလမှာ ဒေါ်လာ သန်း ၈၀ လောက် ရှိခဲ့ရာက အခုတော့ အဲဒီ ဝင်ငွေရဲ့ ၉၀ ရာခိုင်နှုန်းလောက် လျော့ကျသွားပြီလို့ အမေရိကန် ဘဏ္ဍာရေးဌာနနဲ့ အီရတ် အရာရှိတွေက ပြောပါတယ်။

သူတို့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေ လက်လွတ် ဆုံးရှုံးကုန်တဲ့ အတွက်လည်း ဒေသခံတွေထံက အခွန်ကောက်ခံဖို့ IS အတွက် အခက်အခဲတွေ ရှိလာနေပါတယ်။ ဘဏ္ဍာငွေ နည်းလာနေတဲ့ IS အဖွဲ့ဟာ တချို့ ဒေသတွေက သူတို့ တပ်ဖွဲ့ဝင်တွေကို လစာ ပေးနိုင်ခြင်း မရှိတော့ဘူးလို့ ဆိုပါတယ်။

IS တွေ ငွေကြေးအခက်ကြုံ
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG