သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်လွှတ်တော် ပစိဖိတ်ရပ်ဝန်းနိုင်ငံများ ကုန်သွယ်ရေး TPP စာချုပ် အတည်ပြု


ပစိဖိတ်ရပ်ဝန်းနိုင်ငံတွေကြား ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် TPP ကို ဒီကနေ့ ဂျပန်လွှတ်တော်မှာ အတည်ပြု လိုက်ပါတယ်။ နိုင်ငံပေါင်း ၁၂ နိုင်ငံက လက်ခံထားတဲ့ ဒီ ကုန်သွယ်ရေး သဘောတူညီချက်ကို အမေရိကန် ရွေးကောက်ခံ သမ္မတ Donald Trump က ပြန်ရုပ်သိမ်းမယ်လို့ ပြောထားပေမဲ့၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ ဒီသဘောတူညီချက်ကို ဂျပန်အနေနဲ့ ထောက်ခံဖို့ တွန်းအားပေး ပြောဆိုခဲ့ပြီးတဲ့နောက် အခု ဂျပန်လွှတ်တော်မှာတော့ ဒါကို ထောက်ခံ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

သမ္မတအိုဘားမား ဦးဆောင်ဦးရွက်ပြုခဲ့တဲ့ ဒီ TPP သဘောတူညီချက်ကို မစ္စတာ Turmp က ပယ်ချထားတာပါ။ TPP သဘောတူစာချုပ် တရားဝင် စတင် အကောင်အထည်ဖော်နိုင်ဖို့အတွက် သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ နိုင်ငံတွေအတွင်းမှာ အဆင့်ဆင့် အတည်ပြုချက် ရယူဖို့လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို အမြန်ဆုံး အပြီးသတ် ဆောင်ရွက်ဖို့ တခြား သက်ဆိုင်ရာ နိုင်ငံတွေကို ဆက်ပြီး တိုက်တွန်းသွားမယ့်အကြောင်း ဂျပန် အစိုးရ အတွင်းဝန်ချုပ် Yohihide Suga ကလည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG