သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump သမ္မတ တာဝန်ယူမယ့်နေ့ TPP က နုတ်ထွက်မည်


အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump
အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump

အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump က သူ့ သမ္မတတာဝန် တရားဝင်စယူတဲ့ ပထမနေ့မှာပဲ ပစိဖိတ်ရပ်ဝန်းနိုင်ငံတွေကြား လွတ်လပ်စွာ ကုန်သွယ်ခွင့်သဘောတူစာချုပ် TPP ကနေ အမေရိကန်ပြည်ထောင်စု နုတ်ထွက်ကြောင်း တရားဝင် အကြောင်းကြားစာ ထုတ်ပြန်မယ်လို့ ပြောလိုက်ပါတယ်။

ဒါဟာ အမေရိကန်နိုင်ငံသာ ပထမ ဦးစားပေးဆိုတဲ့ သူ့ရဲ့ပြောဆိုချက်အပေါ်မှာ အခြေခံပြီး ဆောင်ရွက်မယ့် ကိစ္စရပ်တွေထဲက တခုဖြစ်ပါတယ်။

TPP သဘောတူစာချုပ်ဟာ အမေရိကန်ပြည်ထောင်စုအတွက် ကြမ္မာဆိုးတခု ဖြစ်လာနိုင်တယ်လို့ မစ္စတာ Trump က တနင်္လာနေ့ Youtube မှာတင်ထားတဲ့ဗွီဒီယိုဖိုင်တခုမှာ ပြောထားတာပါ။ TPP ကို လက်ခံမယ့်အစား အမေရိကန်မြေပေါ်ကို အလုပ်အကိုင်တွေနဲ့ စက်ရုံ လုပ်ငန်းတွေ ပြန်ပြီး ဆောင်ကြဉ်းပေးနိုင် မယ့် မျှတတဲ့ နှစ်နိုင်ငံချင်းအလိုက် ကုန်သွယ်ရေး သဘောတူစာချုပ်တွေ ရယူဖို့ကိုသာ စေ့စပ်ညှိနှိုင်းမယ်လို့ Trump က ပြောပါတယ်။ သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှု ကာလ တလျှောက်မှာလည်း Trump က အာရှ-ပစိဖိတ် နိုင်ငံ ၁၂ နိုင်ငံ သဘောတူလက်မှတ်ထိုးထားတဲ့ TPP ကို ဆန့်ကျင်သလို၊ ကနေဒါနဲ့ မက္ကဆီကိုနိင်ငံတွေပါတဲ့ မြောက်အမေရိကားနိုင်ငံများ လွတ်လပ်စွာ ကုန်သွယ်ခွင့်သဘောတူညီချက် NAFTA ကိုလည်း လက်မခံပါဘူး။

သူ့အနေနဲ့ စေ့စပ်ညှိနှိုင်းတာတွေ လုပ်ပြီး အမေရိကန်ပြည်ထောင်စုအတွက် အကျိုးရှိမယ့် သဘောတူညီချက်သစ်တွေ ရယူနိုင်အောင် လုပ်သွားမယ်လို့ Trump ကပြောပါတယ်။ အာရှပစိဖိတ်နိုင်ငံတွေ အားလုံးအတွက် သာယာဝပျောရေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိရေးနဲ့ ရေရှည်တည်တံ့တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိစေရေး ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ TPP စာချုပ်ကို ဒီနှစ် ဖေဖော်ဝါရီလကပဲ သက်ဆိုင်ရာနိုင်ငံတွေက ဝန်ကြီးတွေ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG