သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး လွတ်လပ်တဲ့ စုံစမ်းမှုတွေလုပ်ဖို့ အာနန်ကော်မရှင်အကြံပြု


ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ဖွဲ့စည်းထားတဲ့ ရခိုင်ကော်မရှင်
ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ဖွဲ့စည်းထားတဲ့ ရခိုင်ကော်မရှင်

ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ဖွဲ့စည်းထားတဲ့ ရခိုင်ကော်မရှင်က ရခိုင်ပြည်နယ်တွင်းမှာဖြစ်ခဲ့တဲ့ ရာဇဝတ်မှု စွပ်စွဲချက်တွေအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်သွားဖို့ အစိုးရကို အကြံပြုထားသလို၊ နိုင်ငံသားစစ်ဆေးရေးပုံစံတွေကို ပြန်လည်ဆန်းစစ်ပြုပြင်ဖို့ တိုက်တွန်းထားပါတယ်။ ရခိုင်အရေး အကြံပေးကော်မရှင်ရဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ မမေခ သတင်းပေးပို့ထားပါတယ်။

ကုလအတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အရေး အကြံပေးကော်မရှင်အနေနဲ့ ရခိုင်ပြည်က အဖြစ်အပျက်တွေကို လွတ်လပ်တဲ့ စုံစမ်းမှုလုပ်ရေးအပါအဝင် နိုင်ငံသားစီစစ်မှုတွေကို ပြန်လည်းဆန်းစစ်ဖို့၊ ဒုက္ခသည်စခန်းတွေကို ပိတ်နိုင်တဲ့အထိ အမြန်ဆောင်ရွက်သွားဖို့ ၊ ဒေသခံတွေရဲ့ကျန်းမာရေး ပညာရေး လူမှုရေး ယဉ်ကျေးမှုကိစ္စရပ်တွေကို မြင့်တင်ဖို့ စတဲ့အချက်အတော်များများကို ကြားဖြတ်အစီရင်ခံစာမှာ ထည့်သွင်းထားပြီး ဒါကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပေးပို့သွားမှာဖြစ်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်ကတော့ ဗွီဒီယိုမိန့်ခွန်းနဲ့ သတင်းစာရှင်းလင်းပွဲမှာအခုလို ပြောခဲ့ပါတယ်။

“အကြံပြုချက်တွေထဲမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက အဖြစ်အပျက်တွေဖြစ်ခဲ့တဲ့နေရာတွေကို လူသားချင်းစာနာမှုအကူအညီပေးတဲ့အဖွဲ့တွေ၊ သတင်းမီဒီယာတွေကို အကန့်အသတ်မရှိ သွားရောက်ခွင့်ပေးဖို့ဆုတာပါဝင်သလို၊ ၂၀၁၆ အောက်တိုဘာ ၉ ရက်နေ့ကစလို့ ဖြစ်ခဲ့တဲ့ ရာဇဝတ်မှုစွပ်စွဲချက်တွေအပေါ်မှာ လွတ်လပ်ပြီး ဘက်လိုက်မှုကင်းတဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ိဆိုတာတွေ ပါဝင်ပါတယ်။”

ဒီအစီရင်ခံစာမှာ အစိုးရကို အကြံပြုချက် အချက် ၃၀ လောက်အကြံပြုတင်ပြထားပါ တယ်။

ထုတ်လိုက်တဲ့ ဒီအစီရင်ခံစာမှာ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ထဲက အဓိက ဒုက္ခသည်စခန်း၂ခုတွေကို ပိတ်ပစ်ဖို့ ၊ IDP တွေ မိမိသဘောမိမိနေရပ်ပြန်ခွင့်ပေးဖို့၊ ရဲတွေကို လူ့အခွင့်အရေးသင်တန်းပေးပြီး၊ ဒေသခံ လူမျိုးအချိုးအစားအလိုက် ဖွဲ့စည်းသွားဖို့၊ အမုန်းစကားပွားသူတွေကို အရေးယူဖို့ ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့တရားဝင် နယ်စပ်ကုန်သွယ်ရေးကို တိုး မြင့်ဖွင့်ဖို့နဲ့အမုန်းစကားဖြန့်သူတွေကိုထိထိရောက်ရောက်အရေးယူဖို့ အစိုးရကိုအကြံပြုထားပါတယ်။

ကော်မရှင်အနေနဲ့ ဒီအစီရင်ခံစာထုတ်ပြန်နိုင်ဖို့ မြန်မာနိုင်ငံတွင်းက အစိုးရနဲ့တပ်မတော်အဖွဲ့အစည်းတွေ ဒေသခံတွေကို တွေ့ခဲ့သလို၊ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို သွားပြီးတော့လည်း အဲဒီက အစိုး၇အဖွဲ့အစည်း။ ကုလသမဂ္ဂအဖွဲ့တွေ ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မွတ်စလင်အရေးကိစ္စဟာ လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုကျူးလွန်ရာရောက်တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာနဲ့ပတ်သက်လို့ ဘယ်လို သဘောထားသလဲလို့ မေးမြန်းရာမှာ အကြံပေးကော်မရှင်အဖွဲ့ဝင်လည်းဖြစ် အရင် လက်ဘနွမ်က ယဉ်ကျေးမှုဝန်ကြီးဟောင်းလည်းဖြစ်သူ Mr. Ghassam Salme က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကော်မရှင်ဟာ ရခိုင်အရေးနဲ့ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်နေကြတဲ့ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးမေးမြန်းခွင့်ရခဲ့ပါတယ်။ ပြောရရင်တော့ အားလုံးဟာ ကိုယ့်တာဝန်ပိုင်းဆိုင်ရာကို လုပ်ကြရမှာပါ။ ကျနော်တို့ဟာ အဲလို အသေးစိတ်စုံစမ်းနိုင်တဲ့အနေအထားမျိုးမရှိသလို၊ တာဝန်ပိုင်းအရ စုံစမ်းစစ်ဆေးရေးအဖွဲ့လည်းမဟုတ်ပါဘူး။ ကျနော်တို့ဘက်ကတော့ အစိုးရပိုင်းတာဝန်ရှိသူတွေ၊ နစ်နာခံစားရသူတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပြောဆိုချက်တွေကို နားထောင်ဖို့ပါ။ ကျနော်တို့အနေနဲ့ကတော့ နိုင်ငံတော်အတိုင်ပင်ခံက ချမှတ်ပေးထားတဲ့ တာဝန်ပိုင်းအတိုင်းဆောင်ရွက်ဖို့ပါပဲ။ စုံစမ်းစစ်ဆေးသူရေးအဖွဲ့တွေ နေရာမှာ ဝင်လုပ်ဖို့မဟုတ်သလို၊ သူတို့အလုပ်တွေကို ဝင်ရောက်စွတ်ဖက်ဖို့မရှိပါဘူး။ ဒါပေမယ့် ဒီဖြစ်ပျက်ခဲ့တာတွေကို လွတ်လပ်ပြီး မျှတတဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ဆိုတာ ထောက်ခံပါတယ်။”

ရခိုင်အရေးကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာစုံစမ်းရေးကော်မရှင်တရပ်ဖွဲ့ဖို့ ကုလသမဂ္ဂ အရာရှိတွေက တောင်းဆိုထားကြတာပါ။ ဒါပေမယ့် ကော်မရှင် ရည်ညွှန်းတာဟာ နိုင်ငံတကာစုံစမ်းရေးကော်မရှင်ဖွဲ့ဖို့လားဆိုတာတော့ အတိအကျ မသိခဲ့ရပါဘူး။

ရေရှည်တည်ငြိမ်တဲ့ ငြိမ်းချမ်းမှုတခုရဖို့အတွက် အမြန်ဆုံးလုပ်ရမှာက နိုင်ငံသားစီစစ်ရေး လုပ်ဖို့ဘဲလို့လည်း ကော်မရျင်အဖွဲ့ဝင် Mr. Ghassam Salme ကပြောပါတယ်။

ဒီအစီရင်ခံစာကို အစိုးရအပါအဝင် တပ်မတော် ရဲတပ်ဖွဲ့တွေကိုပါ ပို့ဆောင်ထားတယ်လို့ ကော်မရှင်ကပြောပါတယ်။ အစီရင်ခံစာအပြီးသတ်ကို ၂၀၁၇ ခုနှစ် သြဂုတ်လမတိုင်ခင်မှာထုတ်မယ်လို့ကော်မရှင်ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG