သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ ကိုဖီအာနန် တနင်္လာနေ့တွေ့မည်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် မြန်မာနိုင်ငံကိုရောက်ရှိလာစဉ်။ (ဓာတ်ပုံ- MOI)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် မြန်မာနိုင်ငံကိုရောက်ရှိလာစဉ်။ (ဓာတ်ပုံ- MOI)

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ အဖြစ် ဆောင်ရွက်မယ့် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ဟာ ဒီကနေ့ တနင်္လာနေ့ မနက် ၁၁ နာရီမှာ ရန်ကုန်က NRPC အမျိုးသားပြန်လည် သင့်မြတ်ရေး နဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

မြန်မာနိုင်ငံကို စနေနေ့က ရောက်ရှိလာတဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်ဟာ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ ရှိသလို နေပြည်တော်ကိုလည်း သွားရောက်ဖို့ စီစဉ်ထားပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ကိုဖီအာနန် ဖေါင်ဒေးရှင်း တည်ထောင်သူ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ကို ဥက္ကဌအဖြစ်ထားပြီး အတွေ့အကြုံရင့် ကျက်သူ မြန်မာ ၆ ဦးအပါအဝင် ၉ ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက သြဂုတ်လ ၂၄ ရက်နေ့စွဲနဲ့ ကျေညာခဲ့သလို မစ္စတာ ကိုဖီအာနန်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံကြောင်းနဲ့ ဒီကော်မရှင်ကို စက်တင်ဘာလ ၅ ရက် တနင်္လာနေ့မှာ ပထမဆုံး စတင် မှာ ဖြစ်ကြောင်း ကျေညာချက်ထုတ်ပြန် ပြောကြားခဲ့တာပါ။

ဒီကနေ့မှာ မစ္စတာ အာနန်ဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့ နောက်မှာ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်သလို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့လည်း ကြေညာမှာ ဖြစ်ပါတယ်။ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာတော့ ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ ရှိပြီး သူ့ရဲ့ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ရခိုင်ပြည်အတွင်းက သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံပြီး ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေကိုရှင်းလင်းတင်ပြဖို့လည်း စီစဉ်ထားတာပါ။ မစ္စတာ အာနန်ဟာ ရန်ကုန်မြို့မှတစ်ဆင့် စက်တင်ဘာ ၉ ရက်မှာ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင်းက လူမှု အသိုင်းအဝိုင်း ၂ ခုကြား နှစ်နဲ့ချီ တည်ရှိလာတဲ့ အကြပ်အတည်းကို ဖြေရှင်းဖို့ နည်းလမ်းရှာတဲ့ အနေနဲ့ မြန်မာ အစိုးရဖွဲ့စည်းလိုက်တဲ့ ရခိုင်အရေး အကြံပေးကော်မရှင်က သူတို့ရဲ့ တွေ့ရှိချက်တွေနဲ့ အကြံပေးချက်တွေကို ၂၀၁၇ ဒုတိယ နှစ်ဝက်မှာ မြန်မာအစိုးရကို အစီရင်ခံ တင်ပြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG