သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားသမ္မတ နုတ်ထွက်ရေး ထောင်သောင်းချီဆန္ဒပြ


သမ္မတ Park Geun-hye နုတ်ထွက်ပေးဖို့ ဆန္ဒပြ
သမ္မတ Park Geun-hye နုတ်ထွက်ပေးဖို့ ဆန္ဒပြ

တောင်ကိုးရီးယားသမ္မတ ပတ်ဂွန်ဟေး နုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြသူ ေ ထာင်နဲ့ ချီတို့ ဒီကနေ့မှာ စုဝေးဆန္ဒပြကြ လိမ့်မယ်လို့ခန့်မှန်း ရပါတယ်။ သမ္မတ ပတ်ဂွန်ဟေးဟာ သူနဲ့နှစ်ပေါင်းများစွားရင်းနှီးလာတဲ့ အမျိုးသမီးသူငယ်ချင်း တယောက်ရဲ့ နောက်ကွယ်ကနေ လွှမ်းမိုးခြယ်ခြင်း ခံနေရတယ်ဆိုပြီး စွပ်စွဲမှုတွေ ရှိနေတာပါ။ သမ္မတပတ်ရဲ့ လူထုဆက်ဆံရေး ကျိုးပမ်းချက်တွေမှာ အဲ့ဒီအမျိုးသမီးက ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေ တယ်ဆိုပြီးတော့လည်း ပြောဆိုနေတာ ဖြစ်ပါတယ်။ သမ္မတပတ်ဂွန်ဟေးရဲ့ မိန့်ခွန်းတချို့ကို မစ္စ Choi Soon-sil က တည်းဖြတ်ပေးခဲ့ တယ်ဆိုတာလောက်ပဲ ခုချိန်ထိ ကိုးရီးယားပြည်သူတွေ အသေအချာ သိထားကြ တာပါ။ ဒီလို ကောလဟလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေ တာနဲ့အမျှ အတိုက်အခံတွေရဲ့ မကြေနပ်မှုတွေကလည်း နိုင်ငံနေရာပေါင်းစုံက လူမှုအသိုင်း အဝိုင်းတွေကြား ဆက်တိုက်ဆိုသလို တိုးလာနေတယ်လို့ ပြောဆို မှုတွေရှိနေ ပါတယ်။

မစ္စ Choi ကို စွပ်စွဲတဲ့အထဲမှာ ပေါ့အဆိုတော် တဦးဘဝကနေ ဒေါ်လာ ဘီလီယံနဲ့ ချီတန်တဲ့ အမေရိကန် F-35 တိုက်ခိုက်ရေးလေယာဉ်ကို တောင်ကိုးရီးယားက ဝယ်ယူမယ့် ကိစ္စထိ ပါဝင်လုပ်ဆောင်ခဲ့ တယ်ဆိုတဲ့ အချက်လည်း ပါဝင် ပါတယ်။ ဒီလို ကောလဟလတွေ ထွက်ပေါ်လာနေ တာနဲ့အမျှ ရက်ပ် အဆိုတော် PSY အပါအဝင် ကိုးရီးယားအလှ မယ်ဟောင်းတို့ကလည်း ဒီအရှုပ်တော်ပုံနဲ့ ပတ်သက် ခြင်း မရှိကြောင်းပြသဖို့ Choi မိသားစုနဲ့သူတို့တွေ ပတ်သက်မှု မရှိဘူးဆိုပြီး ကြေငြာ ချက် ထုတ်ပြန်ကြပါတယ်။သမ္မတ ပတ်ရဲ့ ပြောစကားအရ မစ္စ Choi ဟာ အဆိုတော် ဘဝကနေ လက်နက်ဝယ်ယူမှုမှာ ပါဝင်နိုင်လောက်အောက် အာဏာရှိနိုင်ပုံ မရပေ မယ့်လည်း သမ္မတရဲ့ မိန့်ခွန်းအချို့ကို တည်းဖြတ်ပေးရုံ၊ လူထု ဆက်ဆံရေး ကိစ္စေ တွမှာ ပါဝင် ပတ်သက် ရုံထက်မကတဲ့ လက္ခဏာ အတော်များများရှိနေ တာကိုတွေ့ ရပါတယ်။

သောကြာနေ့မှာ ကိုးရီးယားပြည်သူကို ဒုတိယ အကြိမ်တောင်းပန် စကားပြောခဲ့တဲ့ သမ္မတ ပတ်ဂွန်ဟေးရဲ့ ရာထူး သက်တမ်းနောက်ထပ် ၁၅ လ ကျန်ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG