သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ မြောက်ကိုရီးယား မလေးရှားအစိုးရ နေရပ်ပြန်ပို့


The midnight fireworks are seen during New Year's Eve celebrations in Sydney, Australia.
The midnight fireworks are seen during New Year's Eve celebrations in Sydney, Australia.

မြောက်ကိုးရီးယားခေါင်းဆောင် ရဲ့ အဖေတူအမေကွဲ အကိုဖြစ်သူ Kim Jong Nam သတ်ဖြတ်ခံရမှုနဲ့ မလေးရှားရဲတို့က ထိန်းသိမ်းထားတဲ့ တဦးတည်းသော မြောက် ကိုးရီးယားနိုင်ငံသား ကို သောကြာနေ့မှာ ပြန်လွှတ်ပေး လိုက်ပါတယ်။ ကန့်သတ် တားမြစ်ထားတဲ့ အာရုံကြောထိခိုက်စေတဲ့ အဆိပ်သုံးပြီး တိုက်ခိုက်ခဲ့တဲ့လုပ်ရပ်ကို မလေးရှားတို့က ပြစ်တင်ရှုံချထားသလို လက်သည်တရားခံကို တရားစီရင်ရေးရှေ့မှောက် အရောက်ခေါ်လာမယ်လို့လည်း ကတိပြုထားတာပါ။

Kim Jong Nam သေဆုံးပြီးလေးရက်အကြာ၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကတည်းက ထိမ်းသိမ်းခံထားရတဲ့ Ri Jong Chol ကို နေရပ်ပြန်ပို့ဖို့ လူဝင်မှုကြီးကြပ်ရေးကို လွှဲပြောင်းပေးလိုက်ပါတယ်။ ဒီတိုက်ခိုက်မှုမှာ Ri Jong Chol ဘယ်လို ပါဝင် ပတ်သက်နေသလဲ ဆိုတာကို မလေးရှားရဲတို့က လုံး၀ မပြောပေမယ့် သူပါဝင်ပတ်သက်တဲ့ သက်သေ အထောက်အထား မရှိတဲ့အတွက် ပြန်လွှတ်ပေး တာဖြစ်တဲ့ အကြောင်း နိုင်ငံတော်ရဲအရာရှိချုပ် Khalid Abu Bakar က သောကြာနေ့မှာ အတည်ပြုပြောဆိုပါတယ်။

Ri ကိုနေရပ်ပြန်ပို့ရတာဟာလည်း သူ့မှာ သက်တမ်းရှိတဲ့ ခရီးသွားစာရွက် အထောက်အထားတွေ မရှိတာကြောင့် ဖြစ်တယ်လို့ မလေးရှား ရှေ့နေချုပ် Mohamad Apandi Ali ကပြောပါတယ်။

ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားတဲ့ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်အမျိုးသမီး ၂ ယောက်ကိုတော့ ဖေဖော်ဝါရီလ ၁၃ ရက်၊မလေးရှား လေဆိပ်မှာ Kim ကိုသတ်မှုနဲ့ တရားစွဲဆိုထားပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG