သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ချက်စတာဗုံးကွဲမှု အမျိုးသားတဦးကို ထပ်မံဖမ်းဆီး


ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကကျင်းပတဲ့ ဂီတဖျော်ဖြေပွဲတခုကို ဗုံးခွဲတိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး အသက် ၂၃ နှစ်အရွယ် အမျိုးသားတဦးကို ဒီကနေ့ တနင်္လာနေ့က ဖမ်းလိုက်တယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါကြောင့် ဗြိတိန်နိုင်ငံမှာ ဖမ်းဆီးထားတဲ့သူ အရေအတွက်ဟာ အခုဆိုရင် ၁၄ ယောက်ရှိသွားပြီဖြစ်ပါတယ်။

Greater Manchester ရဲတပ်ဖွဲ့ရဲ့ ကြေငြာချက်မှာတော့ -ဒီကနေ့ ဖမ်းဆီးမှုကို Shoreham-by-sea အရပ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး၊ အဲဒီလူကို အကြမ်းဖက်ဝါဒစွဲတိုက်ဖျက်ရေးဥပဒေကိုချိုးဖောက်တယ် ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ တနင်္ဂနွေနေ့တုန်းကလည်း မန်ချက်စတာမြို့ အိုးလ်ထရက်ဖို့ဒ်အရပ် နဲ့ Gorton အရပ်မှာ ဖမ်းခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့လည်း အလားတူကြေငြာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

မေလ ၂၂ ရက်နေ့က မန်ချက်စတာမြို့မှာ ကျင်းပခဲ့တဲ့ အမေရိကန် ပေါ့ပ်အဆိုတော် Ariana Grande ရဲ့ ဂီတဖျော်ဖြေပွဲ အပြီး၊ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၂၂ ယောက် သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရခဲံပါတယ်။ ဗုံးခွဲတိုက်ခိုက်သူဟာ မန်ချက်စတာမြို့မှာ နေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ် Salman Abedi ဖြစ်တယ်လို့ ရဲကဖော်ထုတ်ခဲ့ပြီး၊ ဗုံးခွဲတိုက်ခိုက်မှုမလုပ်ခင် နောက်ဆုံးသီတင်းပတ်တွေ အတွင်း သူရဲ့လှုပ်ရှားမှုတွေ အားလုံးကို စုစည်းပြီး၊ ဘယ်သူတွေပါဝင်လဲဆိုတာကို သိရဖို့အတွက် လုပ်နေကြပါတယ်။ စုံစမ်းစစ်ဆေးမှုအတွင်း စုစုပေါင်း လူ ၁၆ ယောက်ကိုဖမ်းဆီးခဲ့ပြီး၊ အမျိုးသမီးတဦး နဲ့ ကလေးတဦးကိုတော့ စွဲချက်မတင်ဘဲ ပြန်လွှတ်ပေးခဲ့ပါတယ်။

Abedi ရဲ့ဖခင် နဲ့ ညီအစ်ကိုတော်စပ်သူကိုတော့ လစ်ဗျားနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က ဖမ်းဆီးခဲ့ပြီး အဲဒီမှာ ထိန်းသိမ်းထားပြီး၊ သူ့ရဲ့အစ်ကိုဖြစ်တဲ့ Hashim ဟာ Abedi ရဲ့အစီအစဉ်တွေကို သိနေခဲ့တယ်လို့ ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လုပ်နေတဲ့တချိန်တည်းမှာပဲ၊ ဗြိတိန်နိုင်ငံအနေနဲ့ လုံခြုံရေးခြိမ်းခြောက်မှုအဆင့်ကို ပြင်းထန်တယ်ဆိုတဲ့ အဆင့်ကို စနေနေ့က လျှော့ချခဲ့တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေက ပြောလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG