သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဗုံးခွဲမှု သံသယရှိသူ ၁၅ ဦး ဖမ်းဆီးထား


မန်ချက်စတာမြို့ရှိ လုံခြုံရေးရဲ
မန်ချက်စတာမြို့ရှိ လုံခြုံရေးရဲ

ပြီးခဲ့တဲ့သီတင်းပတ်က လူ ၂၂ ဦးသေဆုံးခဲ့တဲ့ မန်ချက်စတာ ဗုံးခွဲမှု နဲ့ဆက်စပ်ပြီး အသက် ၁၉ နှစ်အရွယ် အမျိုးသား တဦးကို တနင်္ဂနွေနေ့မှာ ဗြိတိန်ရဲတပ်ဖွဲ့က ထပ်မံ ဖမ်းဆီးလိုက်တာမို့ အခုဆိုရင် ဗြိတိန်ရဲတပ်ဖွဲ့က ထိန်းသိမ်းထားသူ ၁၃ ဦးရှိပါပြီ။လစ်ဗျား အာဏာပိုင်တွေကလည်း မန်ချက်စတာ အသေခံဗုံးခွဲသူ လစ်ဗျားနွယ်ဖွား ဗြိတိန်နိုင်ငံသား Salman Abedi ရဲ့အကိုနဲ့ ဖခင်ဖြစ်သူကို ဖမ်းဆီးခဲ့တာမို့ အခုဆိုရင် ဒီဗုံးခွဲမှုနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထားသူ ၁၅ ဦး ရှိပါပြီ။

မန်ချက်စတာမြို့ရဲ့ Gorton အရပ်မှာ တနင်္ဂနွေနေ့ နှောင်းပိုင်းက ဝင်ရောက်စီးနင်းချိန်အတွင်း အကြမ်းဖက်မှု ကျူးလွန် မယ်လို့ သံသယရှိသူကို ဖမ်းဆီးလိုက်တာဖြစ်ကြောင်း မန်ချက်စတာ ရဲချုပ် က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းမှာလည်း အသက် ၂၅ နှစ်အရွယ် အမျိုးသားတဦးကို ဗြိတိန်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး သူနေအိမ်ဝင်းကိုပါ ရှာဖွေစစ်ဆေးခဲ့ပါတယ်။

ဗြိတိန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ အမျိုးသမီးတဦးနဲ့ ဆယ်ကျော်သက်လူငယ်တဦးကိုတော့ တရားစွဲဆိုခြင်းမရှိဘဲ ပြန်လွှတ် ပေးလိုက်ပါတယ်။

Salman Abedi ရဲ့ အကိုနဲ့အဖေတို့ကိုလည်း လစ်ဗျားနိုင်ငံထဲမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖမ်းဆီးထားခဲ့တာဖြစ်ပြီး အကိုဖြစ်သူ Hashim ဟာ သူ့ညီ ရဲ့ တိုက်ခိုက်ရေးအစီအစဉ်ကို သိနေခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG