သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်-မောင်တောအခြေအနေ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်း


နယ်ခြားစောင့်တပ်များ
နယ်ခြားစောင့်တပ်များ

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာဖြစ်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ကို ဒီကနေ့ ရက်စွဲ နဲ့ သမ္မတဦးထင်ကျော်က ဖွဲ့စည်းလိုက်ပါတယ်။

ကော်မရှင်ကို ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေက ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၂ ဦး ပါဝင်ပါတယ်။ မောင်တောဒေသမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေနဲ့ပတ်သက်ပြီး ဖြစ်ပွားရတဲ့ နောက်ခံအခြေအနေတွေနဲ့ အဖြစ်မှန်ပေါ်ပေါက်စေဖို့ စုံစမ်း စစ်ဆေးပြီး နောင်မှာ ဒီလိုမျိုး ထပ်မဖြစ်စေဖို့၊ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဆောင်ရွက်တာမှာ နိုင်ငံရဲ့ တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ် နည်းတွေနဲ့အညီ ဆောင်ရွက်ခဲ့တာ ဟုတ်-မဟုတ် ဆိုတာတွေကို စစ်ဆေးသုံးသပ်ပြီး အကြံပြုတင်ပြနိုင်ဖို့အတွက် ဒီကော်မရှင်ကို ဖွဲ့လိုက်တယ်လို့ သမ္မတရဲ့ အမိန့်ကြော်ငြာစာထဲမှာ ဖော်ပြထားပါတယ်။

မောင်တောဒေသ အခြေအနေနဲ့ပတ်သက်ပြီး ပြည်တွင်းကရော၊ ပြည်ပကပါ ဝေဖန်တာနဲ့ ဖိအားပေး ပြောဆိုတာတွေ ရှိနေချိန်မှာ ပဲ ဒီကော်မရှင်ကို ဖွဲ့စည်းလိုက်တာပါ။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီး သီးခြားလွတ်လပ် တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တခု ဖွဲ့စည်းပြီး စုံစမ်း စစ်ဆေးဖို့ တိုက်တွန်းထားတာပါ။ အခုလို ဒုတိယသမ္မတ ဦးမြင့်ဆွေကို ဥက္ကဌထားပြီး ဖွဲ့လိုက်တဲ့ကော်မရှင်အပေါ် ပြည်တွင်း ပြည်ပက တုန့်ပြန်ချက်တွေတော့ ချက်ခြင်း ထွက်မလာသေးပါဘူး။

ကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နောက် နှစ်လအကြာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အရောက် သမ္မတ ကို တိုက်ရိုက် အစီရင်ခံတင်ပြရမယ်လို့ သမ္မတရဲ့ အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG