သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောအရေး ပွင့်လင်းမြင်သာစွာကိုင်တွယ်ဖို့ အမေရိကန်သံရုံး မျှော်လင့်


အမေရိကန်သံရုံး logo (FB-US embassy Rangoon)
အမေရိကန်သံရုံး logo (FB-US embassy Rangoon)

မကြာသေးမီက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ နယ်ခြားစောင့်စခန်းများအား ဝင်ရောက်တိုက်ခိုက်မှုနှင့် နောက်ဆက်တွဲ အကြမ်းဖက်မှုများကြောင့် ထပ်မံသေဆုံးမှုများကြားသိရသည့်အတွက် အမေရိကန်သံရုံးက များစွာစိုးရိမ်မကင်း ဖြစ်မိကြောင်း အမေရိကန်သံရုံးကပြောပါသည်။

ဒါ့အပြင်ကျရှုံး ကွယ်လွန်သွားခဲ့ကြသူများ၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲပါကြောင်းလည်း အမေရိကန်သံရုံးက ပြောကြားလိုက်ပါသည်။ တိုက်ခိုက်မှု ကျူးလွန်ခဲ့ကြသူများအား တရားဥပဒေနှင့်အညီ သေချာစွာအရေးယူနိုင်မည့် စေ့စပ်သေချာ၍ ပွင့်လင်းမြင်သာမှုရှိသော စုံစမ်းစစ်ဆေး ဖော်ထုတ်မှုတစ်ရပ်ကို မျှော်လင့်ကြောင်း သံရုံး Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်နှင့်ပတ်သက်၍ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရေး၊ ရရှိသောသတင်းရင်းမြစ်များကို သေချာစွာစိစစ်ရေး၊ အပြစ်မဲ့သူများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရေးနှင့် နောက်ထပ်အကြမ်းဖက်မှုများ မဖြစ်ပွားစေရေးတို့အတွက် ပါဝင်ပတ်သက်သူများအားလုံးကို သံရုံးကမေတ္တာရပ်ခံကြောင်းဖော်ပြထားပါတယ်။ ဒီဖြစ်စဉ်နှင့် စပ်လျဉ်းပြီး၊ ပြည်နယ်အတွင်း ပဋိပက္ခဖြစ်စေသော အခြေခံ အကြောင်းအရင်းများကို ကိုင်တွယ် ဖြေရှင်းရန်အတွက် လည်းကောင်း၊ အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အားပေးကူညီသွားမှာဖြစ်တယ်လို့လည်း သံရုံး Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG