သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောဒေသခံတွေ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံ


မောင်တောဒေသခံတွေ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံ (မောင်တော အလို တော်ပြည့် ကျောင်းတိုက်)
မောင်တောဒေသခံတွေ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံ (မောင်တော အလို တော်ပြည့် ကျောင်းတိုက်)

မြန်မာ-ဘင်္ဂလားနယ်စပ် မောင်တောခရိုင်တွင်းမှာ နယ်ခြားစောင့်တပ်ဖွဲ ဌာနချုပ်နဲ့ တပ်စခန်းတွေကို အကြမ်းဖက် ဝင်ရောက်စီးနင်းခဲ့ပြီးတဲ့နောက် မောင်တောခရိုင်တွင်းက နေထိုင်ကြသူတွေအတွက် စိုးရိမ်စရာတွေဖြစ်လာခဲ့ပြီး ထွက်ပြေးတိမ်းရှောင်မူတွေရှိလာပါတယ်။ တပ်မတော်ဘက်ကနေ တပ်အင်အားတွေ သုံးပြီး မူဆလင်တွေနေထိုင်ရာ နေရာတွေကို ဝင်ရောက်ရှင်းလင်းနေစဉ်မှာပဲ တိုက်ပွဲတွေ လည်း ဖြစ်နေတာပါ။ ဒီအတွက် မောင်တောခရိုင်ထဲကဒေသခံရွာသား ၁၀၀ ကျော်ဟာ အောက်တိုဘာလ၁၃ရက်နေ့မှာ အလိုတော်ပြည့်ဘုန်းကြီးကျောင်းကို လာရောက်ခိုလှုံလာခဲ့တယ်လို့ ဆိုပါတယ်။ မအေးအေးမာသတင်းပေးပို့ထားပါတယ်။

(မောင်တော အလို တော်ပြည့် ကျောင်းတိုက်)
(မောင်တော အလို တော်ပြည့် ကျောင်းတိုက်)

မြန်မာ-ဘင်္ဂလားနယ်စပ် မောင်တောခရိုင်တွင်းမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယ်ခြားစောင့်တပ်စခန်းတွေကို လူအင်အားတွေနဲ့ အကြမ်းဖက် ပစ်ခတ်စီးနင်းမူတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာတော့ ခရိုင်တွင်းမှာ ည မထွက်ရအမိန့် ကိုထုတ်ပြန်ထားသလို နယ်မြေရှင်းလင်းမူတွေ လုပ်နေတာပါ။ နယ်မြေရှင်းလင်းမူတွေအတွင်း တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ဘေးလွတ်ရာကိုပြေးနေကြတဲ့ ကျေးရွာသား ၁၀၀ကျော်ဟာ မောင်တောမြို့က အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံဖို့ရောက်လာကြတယ်လို့ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းက အရှင်ကုမာရက ပြောပါတယ်။

“ဦးပဉ္စင်းတို့ကျောင်းကိုလည်း ဒုက္ခသည်ရခိုင်တွေပေါ့လေ။ ဦးပဉ္စင်းတို့ အလိုတော်ပြည့်ကျောင်းမှာရှိတဲ့ ဒုက္ခသည် ၁၀၀ ကျော်ရှိတာပေါ့နော် ရခိုင်တွေအကုန်လုံး။”

လက်ရှိမှာတော့ တပ်မတော်ဘက်က လုံခြုံရေးအင်အားတွေနဲ့ နယ်မြေရှင်းလင်းတယ် ဆိုပေမယ့် လုံခြုံရေးအင်အားတွေ မရောက်မပေါက်သေးနိုင်သေးတဲ့ ကျေးရွာတွေက လူထုတွေကတော့စိုးရိမ်မူတွေ ရှိနေဆဲဖြစ်တယ်လို့ဆိုပါတယ်။ ဒါကလည်း ရခိုင်ပြည်နယ်တွင်းမှာပဋိပက္ခဖြစ်နေတဲ့အင်အားစု ၂စုဟာ အင်အားမမျှတာကြောင့်ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

“နယ်တွေ၊ ရွာတွေမှာဆိုရင်တော့ လုံခြုံမှုအားနည်းတာပေါ့။ ဘာကြောင့်လဲဆိုတော့ ဟိုမှာက ကုလားလူဦးရေက ၈ သိန်းကျော်လောက်ရှိတယ် မောင်တောမှာက။ ရခိုင်လူဦးရေနဲ့ ဌာနဆိုင်ရာဝန်ထမ်း၊ တိုင်းရင်းသားတွေနဲ့ပေါင်းမှ လူဦးရေက ၄-၅ သောင်းလောက်ပဲရှိတယ်။ ဘယ်လိုမှအင်အားမမျှဘူးလေ အဲဒါကြောင့် လုံခြုံရေးတချို့နေရာတွေမှာက လက်လှမ်းမမှီနိုင်တဲ့နေရာတွေတော့ရှိတာပေါ့။”

ရခိုင်ပြည်နယ်တွင်းမှာ လူမျိုးရေးဘာသာရေးကိုအခြေခံတဲ့ ပဋိပက္ခတွေ ဖြစ်ပြီး ၅နှစ်အကြာမှာအခုလို့တင်းမာမူတွေထပ်ဖြစ်လာတာဖြစ်ပါတယ် ။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရဘက်က တာဝန်ရှိသူတွေက သွားရောက်ကြည့်ရူပြီး အခြေအနေကို သတင်းထုတ်ပြန်နေပါတယ်။ ပြီးခဲ့တဲ့အစိုးရလက်ထက်ကစပြိး ပဋိပက္ခတွေကြောင့်၂လတကြိမ် ညမထွက်အမိန်ကိုသက်တမ်းတိုးနေရတဲ့ ရခိုင်ပြည်နယ်မောင်တောမြို့မှာ အခုအခါမှာတော့လုံခြုံရေးတွေ၊ ပိုမိုတင်းကြပ်မူတွေ ၊ မတည်ငြိမ်မူတွေ၊ စိုးရိမ်ပူပန်မူတွေ ကို နှစ်ဘက် အင်အားစု ၂ခုလုံးမှာကြုံနေကြရတာပါ။ ရွာတွေမှာ မီးရှို့ တာတွေ သတ်ဖြတ်တာတွေ၊ ပစ်ခတ်တာတွေ ရှိနေပေမယ့် ခိုင်မာတိကျတဲ့သတင်းတွေရဖို့တော့ခက်ခဲနေဆဲပါပဲ ။ လက်ရှိမှာတော့ တခြားပြည်နယ်တွေမှာဖြစ်နေတဲ့ပဋိပက္ခတွေနဲစာရင် ရခိုင်ပြည်နယ် မောင်တောကိစ္စကို အစိုးရကတော့ အလျင်မြန်ကိုင်တွယ်ဖြေရှင်းနေတာပါ။ အခုချိန်ထိတော့အစိုးရဘက်က သတင်းထုတ်ပြန်ချက်အရ အကြမ်းဖက် ဝင်ရောက်စီးနင်းခဲ့သူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကိုတော့အတိအကျထုတ်ဖော်တာမျိုးမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG