သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်ခြားတံတိုင်း တည်ဆောက်ဖို့ Mexico သွင်းကုန်အပေါ် အခွန်တိုးကောက်မည်


အမေရိကန်ပြည်ထောင်စုနဲ့ မက္ကဆီကိုနိုင်ငံ ကြား နယ်စပ်တံတိုင်း
အမေရိကန်ပြည်ထောင်စုနဲ့ မက္ကဆီကိုနိုင်ငံ ကြား နယ်စပ်တံတိုင်း

အမေရိကန်ပြည်ထောင်စုမှာ သမ္မတသစ် Donald Trump တက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ မက္ကဆီကိုနိုင်ငံနဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်စေခဲ့တဲ့ နယ်စပ်တံတိုင်း တည်ဆောက်ရေးအတွက် ကုန်ကျစားရိတ်ကို မက္ကဆီကိုနိုင်ငံက တင်ပို့ကုန်တွေအပေါ် အခွန်ငွေ ၂၀ % ကောက်ခံဖို့ သမ္မတ Trump က လုပ်ဆောင်မှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူပြောခွင့်ရက ပြောပါတယ်။

အခုလို အခွန်တိုးကောက်ခံလိုက်ရင် တနှစ်ကို ဒေါ်လာ ဆယ်ဘီလျံ ရမှာမို့ တံတိုင်းအတွက် ကုန်ကျငွေရနိုင်မယ်လို့ အိမ်ဖြူပြောခွင့်ရ Sean Spicer က ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

အခုလို အခွန်သစ်ကောက်ခံမှုကို အခွန်အခဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းရဲ့ တစိတ်တပိုင်းအဖြစ် Trump က ထည့်သွင်းဖို့ လိုလားတာဖြစ်ပြီး ဒါကို လွှတ်တော်က ပထမဦးဆုံး အတည်ပြုပေးဖို့ လုပ်ရမှာမို့၊ ဒီတံတိုင်းစဆောက်ဖို့ ငွေဘယ်အချိန် ရလာမယ်ဆိုတာ သေသေချာချာ မသိရသေးဘူးလို့လည်း Spicer ကပြောပါတယ်။

အခွန်ထမ်း အမေရိကန်တွေက ဒီတံတိုင်းအတွက် ကုန်ကျငွေကို ကနဦး စိုက်ရဖို့ ရှိပြီး ဒါဟာ ဒေါ်လာ ၁၅ ဘီလျံလောက် ရှိမယ်လို့ ခန့်မှန်းထားတာပါ။

တံတိုင်းအတွက် မက္ကဆီကိုက မပေးဘူးလို့ ငြင်းနေရင် လာနေစရာမလိုဘူးလို့ Trump က ပြောခဲ့ပြီးတဲ့နောက်မှာပဲ ကြာသပတေးနေ့ အစောပိုင်းမှာတော့ မက္ကဆီကိုသမ္မတ Enrique Peña Nieto က ရှေ့သီတင်းပါတ်ထဲ ဝါရှင်တန် ဒီစီမှာ သမ္မတ Trump နဲ့ တွေ့ဆုံဖို့ ကို ပယ်ဖျက်ခဲ့တာပါ။

ရှေ့သီတင်းပါတ်ထဲ တွေ့ဆုံဖို့ စီစဉ်ထားတာကို မက္ကဆီကိုသမ္မတနဲ့ သူကိုယ်တိုင်က ပယ်ဖျက်ဖို့ သဘောတူခဲ့တာလို့ Trump က ပြောပါတယ်။ မက္ကဆီကိုက အမေရိကန်ပြည်ထောင်စုကို မျှမျှတတ မဆက်ဆံဘူး၊ လေးစားမှု မရှိဘူးဆိုရင် တွေ့ဆုံမှုဟာ အကျိုးရှိမှာ မဟုတ်တဲ့အတွက် နောက်တလမ်း အပြင် တခြားရွေးစရာမရှိဘူးလို့လည်း ပြောပါတယ်။

မက္ကဆီကို နိုင်ငံရဲ့ စီးပွါးရေးဟာ အမေရိကန်ကို တင်သွင်းကုန်တွေအပေါ်မှာ အဓိက ဖြစ်နေတာမို့ တကယ်လို့ ဒီလို အခွန်ကောက်ဖို့ကိစ္စ အတည်ပြုခဲ့ပြီဆိုရင်မက္ကဆီကို လက်ခံမခံ သေသေချာချာ မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG