သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူဝင်မှုတင်းကျပ်မယ့် အမိန့်ထုတ်ပြန်ချက် သမ္မတ Trump လက်မှတ်ထိုး


အမေရိကန်ထဲကို တရားမဝင် ဝင်လာတဲ့သူတွေကို တားဖို့မက္ကဆီကိုနယ်စပ်မှာ တံတိုင်းဆောက်ဖို့Trump သမ္မတ အမိန့်ကြေညာချက်ထုတ်ပြီးမကြာခင်မှာပဲ အခုလည်း မွတ်ဆလင်အများစုနေထိုင်တဲ့ နိုင်ငံတွေကသူတွေကို အမေရိကန်ထဲဝင်ဖို့ပိတ်မယ့်အရေး သမ္မတ Trump ပြင်ဆင်နေပြန်ပါပြီ။

ဒီလိုနိုင်ငံတွေက အကြမ်းဖက်မှုတွေရှိပြီး ဒီလိုနိုင်ငံတွေကလူတွေက ဒီကိုလာပြီး ပြဿနာတွေ ဖြစ်အောင်လုပ်ကြမှာလို့ဗုဒဟူးနေ့က ABC သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းခန်းမှာ Trump က ပြောလိုက်ပါတယ်။ အီရတ်၊ အီရန်၊ လစ်ဗျား၊ ဆီးရီးယား၊ ဆိုမာလီ၊ ဆူဒန်နဲ့ယီမင်နိုင်ငံတွေက ဘယ်သူ့ကိုမဆို အနည်းဆုံး ရက် ၃၀ အမေရိကန်ထဲ ဝင်ခွင့်ပိတ်ပင်မယ်လို့ ဒီအမိန့်မူကြမ်းက ဖော်ပြထားတာလို့ဒီမူကြမ်းကို ကျွမ်းဝင်သူတွေက ပြောပြပါတယ်။

မွတ်ဆလင်မှန်သမျှကို နိုင်ငံအတွင်းဝင်ခွင့်ပိတ်မယ်လို့Trump မဲဆွယ်စဉ်ကာလတုန်းကပြောခဲ့ပေမယ့် ခုအခါမှာတော့ အကြမ်းဖက်မှုတွေနဲ့ဆက်စပ်နေတဲ့ နိုင်ငံတွေက သူတွေကိုသာပိတ်ပင်ဖို့ပြောင်းလဲဆုံးဖြတ်လိုက်တာပါ။ ဒီစာရင်းထဲမှာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နဲ့ ဆော်ဒီအာရေးဗီးရားနိုင်ငံတွေ ဘာလို့မပါတာလဲဆိုတဲ့ မေးခွန်းကို တွေ့ဆုံမေးမြန်းခန်းမှာ မေးခဲ့တဲ့အခါမှာတော့ Trump က ဒီစာရင်းထဲမှာ သေချာမပြောထားတဲ့ လူတွေအားလုံး အစွန်းရောက် အသေးစိတ် စစ်ဆေးမှု ခံရမယ်လို့ပြန်ဖြေပါတယ်။ ဒီတားမြစ်ချက်မှာ ဒီနိုင်ငံတွေထဲက ဘာသာရေးလူနည်းစုတွေနဲ့ မတရားဖိနှိပ်ခံရသူတွေကိုတော့ ချွင်းချက်အဖြစ် ထားနိုင်ဖွယ်ရှိပါတယ်။ ဒီအမိန့်ကြောင့် အမေရိကန်နိုင်ငံအတွင်း ရွှေ့ပြောင်းဒုက္ခသည် လက်ခံမှုကို ၄ လ ဆိုင်းထားရမှာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုကို အထောက်အထားမရှိဘဲ ဥပဒေမဲ့ ဝင်ရောက်လာသူတွေကို ခိုလှုံခွင့်ပေးထားတဲ့ အမေရိကန် မြို့ကြီးတွေကို အစိုးရရဲ့ အထောက်အပံတွေ ဖြတ်တောက်ပြီး၊ နှိမ်နင်းသွားမယ့် အမိန့်ကို သမ္မတ ထရမ့်က ဗုဒ္ဓဟူးနေ့မှာပဲ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG