သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်တံတိုင်းကာမှု မက္ကဆီကိုနိုင်ငံ အကုန်ကျခံမည်မဟုတ်


မက္ကဆီကိုနိုင်ငံသမ္မတ Enrique Peña Nieto
မက္ကဆီကိုနိုင်ငံသမ္မတ Enrique Peña Nieto

နောက်တက်မယ့် အမေရိကန် Trump အစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထားရှိချင်ပေမဲ့ အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်တလျှောက် တံတိုင်းတည်ဆောက်မယ်ဆိုတဲ့အပေါ် မက္ကဆီကိုက အကုန်အကျခံမှာမဟုတ်ဘူးလို့ မက္ကဆီကိုနိုင်ငံသမ္မတ Enrique Peña Nieto က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။

"ပွင့်ပွင့်လင်းလင်းနဲ့ ပြီးပြည့်စုံတဲ့ စေ့စပ်ဆွေးနွေးမှုတွေကို ကျနော်တို့ အားပေးပါတယ်။ လုံခြုံရေး၊ ရွှေ့ပြောင်းသွားလာသူတွေအရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေ အပါအဝင် နှစ်နိုင်ငံဆက်ဆံရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်အားလုံးကို ဆွေးနွေးနိုင်ပါတယ်။ မက္ကဆီကိုနိုင်ငံတခု အနေနဲ့ပဲဖြစ်ဖြစ်၊ မက္ကဆီကိုနိုင်ငံသားတွေ အနေနဲ့ပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် ဘယ်အရာကိုမှတော့ လက်ခံမှာ မဟုတ်ပါဘူး” လို့ မစ္စတာ Nieto က စပိန်ဘာသာစကားနဲ့ ပြောသွားတာပါ။

ရွေးကောက်ခံသမ္မတ Donald Trump က မက္ကဆီကိုနိုင်ငံဘက်ခြမ်းကနေ အမေရိကန်ပြည်ထောင်စုထဲ တရားမဝင် ဝင်ရောက်လာသူတွေကို ထိန်းချုပ်ဖို့ နယ်စပ်မှာ တံတိုင်းခတ်မယ်လို့ ဆိုပြီး အဲဒီတံတိုင်းကြီးအတွက် ကုန်ကျစရိတ်တွေကို မက္ကဆီကို နိုင်ငံဘက်က ပေးရအောင် သူလုပ်သွားမယ်လို့ ကတိပေး ပြောနေတာပါ။

ဒါ့အပြင် မက္ကဆီကိုနိုင်ငံကို ရွှေ့ပြောင်း လုပ်ကိုင်မယ့် အမေရိကန် ကုမ္ပဏီတွေအပေါ် အခွန်တိုးမြင့်စည်းကျပ်မယ်လို့လည်း Trump က ခြိမ်းခြောက်ထားတာပါ။ လက်ရှိ မြောက်အမေရိကား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ်ဟာ အမေရိကန်ထက် မက္ကဆီကိုနိုင်ငံကိုသာ ပိုပြီးအကျိုးရှိစေတာကြောင့် ဒါကို ဖျက်သိမ်းပြီး ညှိနှိုင်းမှုအသစ်တွေ လုပ်သွားမယ်လို့လည်း Trump က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG