သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါအဝင် ဒီမိုကရေစီဦးတည်တဲ့ နိုင်ငံတွေနဲ့ ကန်ပူးပေါင်းဟု အိုဘားမား ပြော


သမ္မတ အိုဘားမား
သမ္မတ အိုဘားမား

ကမ္ဘာတဝန်း နိုင်ငံအများအပြားဟာ ဖိနှိပ်အုပ်ချုပ်မှုတွေကနေ ရုန်းထွက်ပြီး ဒီမိုကရေစီအတွက် ရုန်းကန် တိုက်ပွဲဝင်ခဲ့ကြတယ် ဆိုတာကို ဒီကနေ့ ဂရိနိုင်ငံ၊ အေသင်မြို့တော်မှာ မိန့်ခွန်းပြောတဲ့ထဲ မြန်မာနိုင်ငံကိုလည်း ဥပမာတခုအနေနဲ့ သမ္မတ ဘရာ့ခ် အိုဘားမားက ထည့်ပြောသွားပါတယ်။

“ဒါကြောင့်လည်း ဒီကနေ့ဆိုရင် သူတို့ရဲ့ ကိုယ်ပိုင်ပန်းတိုင်ကို ရွေးချယ်တဲ့ ယူကရိန်းလူထုရဲ့ အခွင့်အရေးကို ကျနော်တို့ အားပေး ထောက်ခံနေတာပါ၊ ဒီမိုကရေစီကို ရွေးချယ်လျှောက်လှမ်းကြတဲ့ မြန်မာ၊ တူနီးရှားနိုင်ငံတွေနဲ့ လက်တွဲ လုပ်ဆောင်နေတာပါ။” လို့ သမ္မတအိုဘားမားက ပြောသွားပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုမှာ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးရဲ့ အရေးကြီးပုံကိုလည်း ဒီမိုကရေစီနဲ့ပတ်သက်ပြီး ဂရိလူထုကို ပြောတဲ့မိန့်ခွန်းထဲမှာ သမ္မတ ဘရာ့ခ် အိုဘားမားက အလေးအနက် ပြောသွားပါသေးတယ်။

မဲဆွယ်ပွဲတွေမှာ အပြင်းအထန် ယှဉ်ပြိုင်ကြပေမဲ့ ရွေးကောက်ပွဲပြီးတဲ့အခါ ဒီမိုကရေစီဟာ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးပေါ် တည်မှီနေကြောင်း ၊ နောက်တက်မယ့် သမ္မတနဲ့ သူ့ကြားမှာ သဘောထားကွဲပြားတာတွေ အများအပြား ရှိပေမဲ့ အမေရိကန် ဒီမိုကရေစီဟာ လူတဦးတယောက်ထက် အများကြီးပိုပြီး အရေးကြီးတဲ့အကြောင်း အေသင်မြို့တော်မှာ သမ္မတအိုဘားမား က ပြောသွားပါတယ်။ ဥရောပတိုက်နဲ့ ဒီဒေသရဲ့လုံခြုံရေးအတွက် အမေရိကန်က ဆက်ပြီး ကူညီပံ့ပိုးသွားမယ်ဆိုတာကိုလည်း သမ္မတအိုဘားမား က ပြောသွား ပါတယ်။ Donald Trump အစိုးရလက်ထက် အမေရိကန်ပြည်ထောင်စု မှာ သီးခြားရပ်တည်တဲ့ ခေတ်သစ်တခု ဖြစ်လာမလားဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေချိန်မှာ သမ္မတအိုဘားမားက အဲဒီလိုပြောတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG